အိုကွယ် ဘပုစိတ်ဆိုးပီလေ ရှမ်းမြောက်ထိသွားပီးကြေညာပါလား

စစ်ကောင်စီက ရှမ်းမြောက်ရှိ မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရေး အမိန့်ကြေညာ

■ ကွမ်းလုံမြို့ရှိ ဗျူဟာကုန်း၊ ခမရ ၃၁၂ ဗျူဟာကုန်း၊ ရဲစခန်း ၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များကို MNDAA က သိမ်း ဆည်းရရှိပြီးနောက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလာ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

အကြမ်းဖက်စစ်ကောင်စီက ရှမ်းမြောက်ရှိ မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရေး အမိန့်ကြေညာသည်။ အဆိုပါ စစ်အုပ်ချုပ်ရေး ကြေညာသော မြို့များမှာ-

(၁) ကွတ်ခိုင်

(၂) ကွမ်းလုံ

(၃) နမ့်ခမ်း

(၄) မူဆယ်

(၅) လားရှိး

(၆) သိန်နီ

(၇) လောက်ကိုင်

(၈) ကုန်းကြမ်းတို့ ဖြစ်သည်။

ယနေ့ ကွမ်းလုံမြို့ရှိ ဗျူဟာကုန်း၊ ခမရ ၃၁၂ ဗျူဟာကုန်း၊ ရဲစခန်း ၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များကို ကိုးကန့် MNDAA က သိမ်းဆည်းရရှိပြီးနောက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *