ထပ်လာပြီ သတင်းကောင်းထပ်ပျော်လိုက်ကြပါအုံး

ကွမ်းလုံမြို့ရှိ ဗျူဟာကုန်း၊ ခမရ ၃၁၂ တပ်ရင်း၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိ

နိုဝင်ဘာ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ ခမရ ၃၁၂ တပ်ရင်း ၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ကိုးကန့် MNDAA က ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) နေရာများရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး နှင့် ကွမ်းလုံစသည့်မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁) ၏ သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကွမ်းလုံမြို့လွတ်မြောက်ရေးတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ပြီး ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများ နှင့် အုပ်ချုပ်ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲတိုက်ခိုက်မှုဖြင့် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ ရန်သူများကို လျင်မြန်စွာသုတ်သင်ရှင်းလင်းကာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲ များ နှင့် မြို့နယ်အုပ်ချုပ်‌ရေးရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ (၂ )ရက်နေ့ နံနက် (၁၁း၀၅)နာရီအချိန်တွင် ကွမ်းလုံမြို့အနောက်ဘက်ရှိ ဟွမ်ချောက်‌ပေါက်ပေါက် တောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ (၆) ရက်နေ့တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကွမ်းလုံ‌မြို့၏မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ (၆)ရက်ကြာ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် မြန်မာစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် အပြီးအပိုင်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့နယ်တစ်ခုလုံးအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲဆောင်ရွက်မှုတို့ဖြင့် ကွမ်းလုံ- နန်ဟူ – ချင်းရွှေဟော်-တုန်ရှမ်းဒေသတာတုံအထိ နေရာတကြောလုံးကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ကွမ်းလုံကို စစ်တပ်က ထိန်းချုပ်ခဲ့ပြီး ကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် မြန်မာတပ်မတော်မှ ၎င်းတပ်စခန်းကို အလွန်ခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ် အထူးဂရုပြုတည်ဆောက်ခဲ့ကြောင်း၊ သို့ရာတွင် ယခုနောက်ဆုံး ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သိမ်းဆည်းရရှိသော စခန်းများနှင့် လက်နက်ခဲယမ်းများတွင် အတွဲလိုက်ဒုံးကားများ၊ သံချပ်ကာ ကားများ ပါဝင်ကြောင်း သိရှိရသည်။

(၁)-ကွမ်းလုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၂)-ခမရ (၃၁၂) တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၃)-ကွမ်းလုံရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၄)-ကွမ်းလုံးတံတားဟောင်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၅)-ကွမ်းလုံတံတားသစ်ကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၆)- ဖြိုခွဲနိုင်ခဲ့သော စကစ တပ်စခန်းများ

(၇) – သိမ်းပိုက်ရရှိခဲ့သော သံချပ်ကာ

(၈)- သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး

(၉)- သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ ဟောင်ဝီဇာအမြောက်

(၁၀) – သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး

(၁၁) – သိမ်းပိုက်ရရှိခဲ့သော ယဥ်များ

(၁၂) – သိမ်းပိုက်ရရှိခဲ့သော EE-9 သံချပ်ကာ

(၁၃) – သိမ်းပိုက်ရရှိခဲ့သော MT-LB သံချပ်ကာ

(၁၄) – သိမ်းပိုက်ရရှိခဲ့သော BTR-3U သံချပ်ကာ တို့ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *