မျက်စိတွေနားတွေပွင့်ကုန်ပီး အကောင်းဆုံးရွေးချယ်မှုပါ

လွိုင်ကော်၊ ချောင်းဦးနှင့် အင်းလေးတို့တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်

++++++++++++++++

နိုဝင်ဘာ ၁၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရဲစခန်းက ရဲတပ်ကြပ် တစ်ဦး လက်နက်နဲ့တကွ အလင်းဝင်လာလို့ ကျပ်ငွေ သိန်း ၃၀ ဆုချီးမြှင့်ခဲ့တယ်လို့ KNDF B-02 က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ပထမအပတ်ထဲမှာ အဲ့ဒီအလင်းဝင်လာတဲ့ ရဲတပ်ကြပ်ဟာ KNDF B-02 တပ်ရင်းကို နီးစပ်ရာအဆက်အသွယ်နဲ့ CDMလုပ်ဖို့ ချိတ်ဆက်ခဲ့ရာက ရဲတပ်ကြပ်နဲ့ မိသားစုကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီး G3 သေနတ်တစ်လက်နဲ့ ကျည်အချို့ပါ ယူဆောင်ပြီးအပ်နှံခဲ့တဲ့အတွက် KNDF က

ငွေသိန်းသုံးဆယ်ကျပ်ကို ပြန်လည်ပေးအပ်ခဲ့သလို မိသားစုဘဝဆက်လက်ရပ်တည်နိုင်အောင်လည်း KNDF တပ်ရင်းက ကူညီသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်ကြပ်ဟယ အကြမ်းဖက်စစ်ကောင်စီရဲ့အမိန့်အောက်မှာ တာဝန်ထမ်း‌ဆောင်လိုစိတ်မရှိတော့ပေမယ့် မထွက်ခွာနိုင်ဘဲကြိတ်မှိတ်နေထိုင်ဖြစ်ခဲ့သလို စစ်ကောင်စီလက်က‌ ထွက်လာပြီးရင်လည်း သူ့ကို တော်လှန်ရေးတပ်ဖွဲ့များက နှိပ်စက်မှာကြောက်နေခဲ့တယ်လို့ သူ့ဇနီးဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီအမိန့်အောက်ကနေ ထွက်ခွာဖို့ရှိနေတဲ့ စစ်သားနဲ ရဲများကို KNDF တပ်ရင်းအနေနဲ့ ကြိုးစားခေါ်ထုတ်သွားမှာဖြစ်တာကြောင့် စစ်သားနဲ့ရဲတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီအမိန့်အောက်ကနေရုန်းထွက်ပြီး နိုင်ငံအတွက် အကြီးမားဆုံးနဲ့ အ‌ကောင်းဆုံးစွန့်စားမှုကို ပြုလုပ်ကြဖို့ KNDF B-02 က ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာ​ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ – မီးတောက်တပ်ခွဲက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် အမြင့်စျေးထဲကို ဈေးဝယ် ထွက်လာစဥ် လက်နက်ပါ ယူဆောင်လာပြီး ထွက်ပြေးကာ အလင်းဝင်လာ​ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားသည် MA13 အူဇီဟအမျိုးစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ mm 9 ကျည် ၉၅ တောင့်၊ ကျည်ကာ ၁ ထည် ၊ လက်ကိုင်ဖုန်း ၁ လုံးယူဆောင်လာကာ လက်ရှိချိန်တွင် လွတ်မြောက် နယ်မြေကို ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် အကြမ်းဖက် စစ်တပ်၏ ဆက်သွယ်ရေးတပ်သား ၂ ဦး အလင်းဝင်လာကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ အတွင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်းကို အကြမ်းဖက် စစ်တပ်တပ် လက်အောက်ခံ ဆက်သွယ်ရေး တပ်သား ၂ ဦး CDM ပြုလုပ်လာသောကြောင့် ပြည်သူရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ပြီး ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အင်းလေး ဒေသအတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများ အနေဖြင့် CDM ပြုလုပ်ကြပါရန် တိုက်တွန်းကြောင်း၊ CDM ပြုလုပ်ရန် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲရှိပါက တော်လှန်ရေး သတင်းပေးနှင့် အထောက်အကူပြုလုပ်ငန်းများထမ်းဆောင်နိုင်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊အင်းလေး ပျူစောထီး တပ်ဖွဲ့ဝင်များ၊ PNO ပြည်သူ့စစ်များအနေဖြင့် လက်နက်နှင့် ပူးပေါင်းလာပါက ပါရှိလာသော‌ စစ်လက်နက်ခဲယမ်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ဆုကြေးငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း IPDF က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *