ဝမ်းသာလိုက်တော့ ပုဇင်းတစ်ကောင်ထပ်ရ (ရုပ်သံ)

လွိုင်ကော်မြို့ထဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှု လေယာဉ်ထိမှန် မီးခိုးအူပြီး ပျံသန်း ထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ထဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှု လေယာဉ်ထိမှန် မီးခိုးအူပြီး ပျံသန်း ထွက်ပြေးသွားကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း လွိုင်ကော်မြို့ ၊ ဒေါခူရပ်ကို ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာ ထိမှန်သွားခဲ့ကြောင်း သိရှိရသည်။

“လေယာဉ် ထိတယ်လို့ တော့ ပြောတယ်၊ အတိအကျတော့မရသေးဘူး၊ အခုနကပဲ လွိုင်ကော်မြို့ ၃ ရပ်ကွက်ကို ဗုံးကျဲတယ်၊ လွိုင်ကော်မြို့မှာက ၇ ရပ်ကွက်ရှိတယ်လေ၊ လွိုင်ကော်မြို့ထဲက အဲဒီဒေါခူရပ်ကွက် ဗုံးကျဲတော့ သူတို့ပစ်တယ်ထင်တယ်၊ ပစ်တော့ ထိတယ်လို့ အဲလိုပြောတာ၊ ကြားတယ်လေ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် ၁ စီးကို KNDF-B01 နှင့် KA တို့က ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ရာ လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး လေယာဉ် ပျက်ကျခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *