AAလည်း အောင်ပွဲတွေဆက်လာပီး

ရခိုင်တွင် ၁ ရက်အတွင်း နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိန်ခါလီ နယ်ခြားစောင့် တပ်စခန်းကို ယနေ့ နံနက်ပိုင်း AA က သိမ်းပိုက်

■ စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ရဲများ လက်နက်ချ အညံ့ခံရန် မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့ က သတိပေး

ရန်ကုန်| နိုဝင်ဘာ ၁၄

ရခိုင်ဒေသတွင်း AAနှင့် စစ်ကောင်စီတို နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ရက်တည်းအတွင်း တိုက်ပွဲ ၅ နေရာ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ချိန်ခါလီ ရဲစခန်းကို သိမ်းပိုက်ရရှိကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့က ယနေ့ နံနက်ပိုင်း သတင်း ထုတ်ပြန်သည်။

ရခိုင်တိုက်ပွဲအတွင်း ကောင်စီတပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။

ယမန်နေ့ ရသေ့တောင် ဒုံးပိုက်စခန်းနှင့် ချိန်ခါလီစခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် နှစ်ရက်ကြာတိုက်ခိုက်မှုအပြီးတွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ရခိုင်ဒေသအတွင်းမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်ဖွဲဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက မိမိတို၏ နီးစပ်ရာစခန်းများသို အမြန်ဆုံး ဆက်သွယ်ပြီး လက်နက်ချ အညံ့ခံရန် ညီနောင်မဟာမိတ်အဖွဲ က အသိပေးလိုက်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရခိုင်ပြည် ကျောက်တော်မြိုနယ် အပေါက်ဝရွာရဲစခန်းက ရဲတပ်ဖွဲဝင် ၃၀ ခန့်သည် ရက္ခိုင့်တပ်တော် AA ထံ လက်နက်ခဲယမ်းများနှင့် အတူ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြိုနယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှစတင် ရက္ခိုင့်တပ်တော် AA စစ်ကောင်စီတို တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မောင်တောမြိုနယ်၊ မီးတိုက် နှင့် သင်္ဘောလှရွာအနီးတွင်လည်း နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အလားတူ မင်းပြားမြိုနယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် ရန်ကုန်-စစ်တွေ ကားလမ်းမထက်တွင် နံနက် ၇ နာရီ ၂၀မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းပြားမြိုနယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက် မင်းပြား – မြောက်ဦးမြိုနယ်ကြားတွင် ညနေ ၄ နာရီဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုအပြင် ရသေ့တောင်မြိုနယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှုများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ နိုင်ဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေသောနေရာများသို စစ်ကောင်စီတပ်က စစ်သင်္ဘောများနှင့် အထိုင်ချ တပ်စခန်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူ ၃ဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီမှ ရခိုင်ရှိ မြိုနယ်အားလုံး၏ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ခရီးသွားလာနေသူများက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း AA က သိမ်းပိုက်လိုက်သော ရသေ့တောင် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *