ပုလဲမြို့ ထွေအုပ်ရုံးနဲ့စခခန်းမှ ခဝေး၇ကောင် ကျားသစ်နက်အုပ်ခံလိုက်ရ(ရုပ်သံ)

ပုလဲမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို တပြိုင်တည်း တိုက်ခိုက်၊ ခြောက်နာရီကြာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အနည်းဆုံး ခုနှစ်ဦး သေဆုံး၊

သက်တန့်/ MFP ၊ နိုဝင်ဘာ – ၁၅

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်မှာရှိတဲ့ စစ်အုပ်စု အထိုင်ချထားတဲ့ ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်း နှစ်နေရာကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီမနက်ပိုင်း စီးနင်း တိုက်ခိုက်ရာမှာ စစ်အုပ်စု အနည်းဆုံး ခုနှစ်ဦး သေဆုံးတယ်လို့ ကျားသစ်နက် တပ်မတော်က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ(၁၅)ရက် မနက်(၇)နာရီက စတင်ပြီး နေ့လယ်(၁)နာရီခွဲထိ အချိန် ခြောက်နာရီကျော် ကြာမြင့်ခဲ့တဲ့ ပုလဲမြို့ပေါ် တိုက်ပွဲကို တော်လှန်ရေး အဖွဲ့တွေက အသားစီးနဲ့ တိုက်ခိုက်ချေမှုန်းနေစဉ် အတွင်း ပုလဲမြို့နဲ့ ခြောက်မိုင်ခန့် အကွာ ကျားတက်ရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတွေ စစ်ကူရောက်လာလို့ တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ကျားသစ်နက် တပ်မတော်ရဲ့ တာဝန်ခံ ကိုဥက္ကာ က ပြောပါတယ်။

ပုလဲမြို့ပေါ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကိုဥက္ကာက အခုလို ပြောပါတယ်။

“စစ်ဆင်ရေးမှာ ဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ ပုလဲမြို့မ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုလဲမြို့ပေါ်သား နတ်ကြီး ရပ်ကွက်က ကံကောင်းဆိုတဲ့ ရဲတစ်ယောက်ရယ် အခုလောလောဆ,fမှာ ပြောင်းလာတဲ့ လားရှိုးကနေ ပြောင်းလာတဲ့ ကိုကိုနိုင်ဆိုတဲ့ တပ်သားပေါ့။ ဒီနှစ်ယောက် အမည် သိရတယ်။ ကျန်တဲ့ ငါးယောက်ကတော့ လောလောဆယ် စုံစမ်းဆဲ ဖြစ်တယ်ဗျ။ စုစုပေါင်း ရဲစခန်းထဲမှာ သေဆုံးသွားတဲ့ ရဲနဲ့စခ ခုနှစ်ယောက် ရှိမယ်။ ထွေအုပ်ရုံးထဲမှာ ဘယ်လောက် သေမလဲဆိုတာ စုံစမ်းဆဲ ဖြစ်တယ်ဗျ။ ပုလဲမြို့ပေါ်မှာ ထွေအုပ်နဲ့ ရဲစခန်းအတွင်းမှာ စစ်အုပ်စု အင်အားအများစု အထိုင်ချထားကြပြီး နှစ်နေရာလုံးကို တော်လှန်ရေး တပ်ဖွဲ့တွေက တပြိုင်တည်း တိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်တယ်”

ကိုဥက္ကာက ဆက်လက်ပြီး

“မြို့ပေါ်မှာ အထိုင်ချထားတာကတော့ ထွေအုပ်နဲ့ အဓိကကတော့ ရဲစခန်းပေါ့။ ဒီနှစ်ခုက အဓိက ကျတယ်ပေါ့။ အဲနေရာမှာတော့ အင်အား(၅၀)လောက် ရှိလိမ့်မယ်လို့ ကျနော်တို့က ခန့်မှန်းတယ်။ ဒီစစ်ဆင်ရေးကို ကျနော်တို့က တပြိုင်တည်း ထွေအုပ်နဲ့ ရဲစခန်းကို လူခွဲပြီးတော့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”

ပုလဲမြို့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်ရဲစခန်း စီးနင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) (ကျားသစ်နက်) ဦးဆောင်မှုနဲ့ ပခုက္ကူခရိုင်အမှတ် (၁၅)တပ်ရင်း (ကျားသစ်နက်) ၊ ပခုက္ကူခရိုင်အမှတ် (၁၄)တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ -၂ (သံမဏိသိန်းငှက်)၊ ယင်းမာပင်ခရိုင် တပ်မဟာ စစ်ကြောင်းနဲ့ PCL (LDF) မြိုင် ၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၉) စတဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *