KNDF ဒု-စစ်ဦးစီးချုပ်က စစ်ကောင်စီတပ်သားများကို အလင်းဝင်ရန်ပြောဆိုတိုက်တွန်းနေသည့် ရုပ်သံ
လွိုင်ကော် – နိုဝင်ဘာ ၁၅၊ ၂၀၂၃။
လွိုင်ကော်မြို့ တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်လာသည့် ရုပ်သံဗီဒီယိုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ခဲ့သည်။
ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ ခ.မ.ရ (၄၂၅) နှင့် ခ.မ.ရ (၆) တပ်ရင်းတို့ကို KNDF က နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးပြီး တပ်ဖွဲ့ဝင် ၃၂ ဦးလက်နက်ချခဲ့ကြောင်း KNDF က ထုတ်ပြန်ကြေညာထားသည်။