Non-CDM များအတွက် အစားအသောက်နှင့်ရေကို CDMဝန်ထမ်းများ ကူညီ

လွိုင်ကော် တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ကယ်တင်ထား

▪︎Non-CDM များအတွက် အစားအသောက်နှင့်ရေကို CDMဝန်ထမ်းများ ကူညီ

သတိုး/People’s Spring

ကရင်နီ (ကယား)ပြည်နယ်တွင် ၁၁.၁၁ စစ်ဆင်ရေးစတင်ချိန်၌ စစ်ကောင်စီ၏ စွန့်ပစ်ခြင်းခံခဲ့ရရသော လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ကယ်တင်ပေးခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)​၏ ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထားသည်။

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏မိသားစုဝင် ၆၄ ဦးကို လူသားချင်းစာနာထောက်ထားရေး ၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၌ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် လွိုင်​ကော်တက္ကသိုလ်ပါ​မောက္ခချုပ်ကို ​တော်လှန်​ရေးအဖွဲ့များက ပစ်သတ်၍ ဆရာ၊ဆရာမ ၃၈ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွား​ကြောင်းသတင်းအမှား ထုတ်လွှင့်​နေကြသည်။

သို့​သော် ကရင်နီ​တပ်​ပေါင်းစုက ကယ်တင်ခဲ့သည့် Non-CDM ထဲတွင် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် လည်းပါဝင်ပြီးကောင်းမွန်စွာစောင့်ရှောက်ထားကာမိသားစုနှင့်အဆက်အသွယ်ရ​အောင် ​ဆောင်ရွက်​​ပေးထားကြောင်း KNDF ဥက္ကဌ ခွန်ဘီထူးက ဖက်ဒရယ်FM ကို ဖြေကြားထားသည်။

ထို့ပြင် အဆိုပါ Non-CDM ဝန်ထမ်းများအတွက် အစားအသောက် နှင့် သောက်သုံးရေကို CDM ဝန်ထမ်းများကို ကူညီပေးနေသည်ဟုသိရပြီး Non-CDM များအတွက်ပေးထားသည့် ရေသန့်ဘူးများပေါ်၌ “CDM တရားသူကြီး နှင့်ရှေ့နေများမှလှူဒါန်းသည်။””CDM ထွေအုပ်ဝန်ထမ်းများမှ လှူဒါန်းသည်။””CDM ဆရာဝန်မှလှူဒါန်းသည်။””CDM သူနာပြုမှ လှူဒါန်းသည်။”ဟု ရေးသားထားသည်ကို တွေ့ရသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့များ ဖြစ်သည့် ကရင်နီတပ်မတော် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ ပါဝင်သော 11.11 OPERATION ကို နိုဝင်ဘာ ၁၁ရက်တွင် စတင်ခဲ့ပြီး လွိုင်ကော်၊ မိုးဗြဲ၊ဖယ်ခုံ၊ ဒီးမော့ဆို မြို့နယ်များရှိ စစ်တပ်စခန်းနှင့်တပ်စွဲရာနေရာ ၂၀ ထက်မနည်းသိမ်းပိုက်ထားနိုင်ကြောင်း KNDF ဥက္ကဌ ခွန်ဘီထူးက လူထုနွေဦးသို့ ပြောကြားထားသည်။

လွိုင်​ကော်တက္ကသိုလ်တွင် တပ်စွဲထား​သော စစ်​ကောင်စီတပ်တပ်မ ၆၆ လက်​အောက်ခံ ​ခြေမြန်တပ်ရင်းနှစ်ရင်းကို ကရင်နီတပ်​ပေါင်းစုက တိုက်ခိုက်ရာ တပ်ရင်း နှစ်ရင်းလုံးရှုံးနိမ့်ခဲ့သည်။

တပ်ရင်းမှူးအပါအဝင်စစ်​ကောင်စီတပ်သား ၁၁၀ ​သေဆုံးပြီး ၃၂ ဦးလက်နက်ချကာ ၊ လက်နက်မျိုးစုံ ၁၂၀ကျော်နှင့်ခဲယမ်းများစွာသိမ်းဆည်းရရှိ​ကြောင်း KNDFက ထုတ်ပြန်သည်။

(လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကို ကရင်နီတပ်​ပေါင်းစုက ကယ်ထုတ်​ပေး​နေစဥ်နှင့် CDM ဝန်ထမ်းများက Non-CDM ဝန်ထမ်းများ အတွက် သောက်သုံးရေ ကူညီပေးထားမှု။ ဓာတ်ပုံ-IEC ၊ Federal FM

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *