စစ်ကူခေါ်တာမလာလို့ လက်နချအညံ့ခံခဲတဲ့ စကစတပ် ဗိုလ်ကြီးဝန်ခံ

လွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်း စစ်ကူခေါ်ခဲ့ပေမယ့် ညနေအထိရောက်မလာဘူးလို့ လက်နချအညံ့ခံခဲတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးဝန်ခံ

နိုဝင်ဘာလ ၁၆

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း ပါဝင်နေတဲ့ စစ်ကောင်စီတပ်သား၊ ရဲမေတွေရဲ့ ကြံ့ကြံ့ခံခုခံကာကွယ်စိတ်တွေကို အကြီးအကဲတွေက အထူးအသိအမှတ်ပြုလေးစားတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောနေပေမယ့် ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲမှာ စစ်ကူခေါ်တာမလာခဲ့ဘူးလို့ ထိတွေ့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ် တပ်ခွဲမှူးဗိုလ်ကြီးကောင်းမြတ်ကိုက ပြောပါတယ်။

“နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တဲ့ချိန်က ၁၃ ရက်နေ့ညဖြစ်တာပေါ့နော်။ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ၄၂၅ တပ်ရင်းနဲ့ ကျနော်တို့ ခမရ ၆ နဲ့ နှစ်ရင်းပေါင်း တပ်ရင်းမှူးတွေကော ဒုတပ်ရင်းမှူးတွေကော မရှိတော့ဘူး ကျသွားပြီပေါ့။ ကျနော် ဦးစီးပြီးတော့ အကောင်းဆိုလို့ ၄ ယောက်လောက်ပဲရှိတော့တယ် ကျန်တဲ့သူက လူနာတွေဖြစ်နေပြီ။ အဲ့ဒီကစပြီးတော့ ကျနော် စစ်ကူတော့တောင်းတယ်ဗျ။ ဒါပေမယ့် တပ်ကူက ညနေ ၃ နာရီအထိ ပေါ်မလာဘူး။ ဒါ ကိုယ့်အဖွဲ့အစည်းက ကိုယ့်အပေါ်ကို ဒီလောက်တောင် မဖြည့်ပေးနိုင်ဘူးလားဆိုပြီးတော့ ကျနော်လည်း လက်နက်ချဖို့ ဆုံးဖြတ်လိုက်တာ”လို့ ဗိုလ်ကြီးကောင်းမြတ်ကိုပြောပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဖော်ဆောင်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ထိတွေ့တိုက်ပွဲအတွင်းမှာ ဗိုလ်မှူးကောင်းမြတ်သူလက်နက်ချအညံ့ခံခဲ့တဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်တက္ကသိုလ်ဝန်း တိုက်ပွဲအတွင်းမှာ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၃၂)ဦးက နိုဝင်ဘာလ ၁၄ ရက်မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုထံ လက်နက်ချ အညံ့ခံခဲ့တာဖြစ်တာလို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရာရှိစစ်သည်၊ ရဲမေတွေရဲ့ နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်နဲ့ ကြံ့ကြံ့ခံခုခံကာကွယ်မှုကို နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးများက အထူးအသိအမှတ်ပြု အထူးလေးစားလျက်ရှိပါတယ်”လို့ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေကနေ မနေ့က နိုဝင်ဘာ၁၅ရက်မှာ ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တကယ်တမ်းအသက်အန္တရာယ်ကြုံတဲ့အခါမှာ စစ်ကူ အကူအညီမပေးခဲ့တာကို တွေ့ရပါတယ်။

၁၁.၁၁ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ KNDF နဲ့ ကရင်နီတပ်ပေါင်းစုက လွိုင်ကော်မြို့နယ် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၄၂၅ နဲ့ ခမရ ၆ တပ်ရင်းတို့ကို စစ်ဆင်ရေးလေးရက်မြောက်နေ့မှာ အပြီးသတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ ၃၂ ဦးက လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။

KNDF တပ်ဖွဲ့ ဒု-စစ်ဦးစီးချုပ်မာဝီကတော့ ကရင်နီပြည် လွိုင်ကော်မြို့ က စစ်ကောင်စီလက်အောက်ခံတပ်သားနဲ့ ရဲတပ်သားတွေ လက်နက်ချပြီး ပြည်သူဘက်ကို ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ပူးပေါင်းလာသူတွေကိုလည်း ကောင်းမွန်စွာကြိုဆိုမယ်လို့ဖိတ်ခေါ်ထားပြီး လက်နက်ချမယ့်သူတွေအနေနဲ့ ဆက်သွယ့်ရမယ့်ဖုန်းနံပါတ်ကိုပါ သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*