လေဘဲတွေ တစ်ကွက်ထပ်ပြလိုက်ပြန်ပီး

နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တအာင်းတပ်ထပ်မံသိမ်းယူပြီး မိုင်းကျက်တပ်စခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ဆေးဝါးနဲ့ခဲယမ်းတွေကို သိမ်းယူနိုင်ခဲ့

နိုဝင်ဘာလ ၁၆ ရက်

နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာက တာကွန့်တပ်စခန်းကို ဒီနေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာ တအာင်းတပ်က ထပ်မံသိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ် ကျင်စန်းကျော့လမ်းခွဲမှာလည်း ဒီနေ့နေ့ပိုင်းကနေ စတင်ပြီးတော့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းကို လေကြောင်းကနေ ထောက်ပို့လာတဲ့ ပစ္စည်းတွေကို ကြားဖြတ်တိုက်ခိုက်ယူခဲ့ပြီး ဆေးဝါးနဲ့ ခဲယမ်း(၁၃)သေတ္တာကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ညတုန်းကလည်း သိန္နီမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်မန်လွင်တပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *