မော်လမြိုင်မြို့ မြေဩဇာတွေ စရင်းအတိအကျနဲ့ထွက်လာပီး

မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနားပွဲကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိများ ဒဏ် ရာ ရရှိပြီး ဒုအရာခံဗိုလ်နှင့်တပ်သား စုစုပေါင်း ၂ ဦးသေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနားပွဲကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိများ ဒဏ်ရာရရှိပြီး ဒုအရာခံဗိုလ်နှင့်တပ်သား စုစုပေါင်း ၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုင်းတာဝန်ခံက ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တိုင်းတိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲ က Fix wing Kamikaze Drone ၂စင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊

ရှားထူး​ဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲနှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone ၂စင်း အသုံးပြုပြီးတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ​​လျှောက်လမ်းနှင့် ယာဥ်ရပ်နားဝင်းသို့ ​လေကွဲစနစ်ဖြင့် ဗုံးများ ကျ​ရောက်​ပေါက်ကွဲရာ ဗိုလ်မှူးကြီး အဆင့် ၊ ဒုဗိုလ်မှူးကြီး အဆင့်အပါအဝင် အများအပြား ဒဏ်ရာရပြီး ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ပွဲချင်းပြီး​သေဆုံး​ကြောင်း တပ်တွင်းရင်းမြစ်များထံမှသိရသည်။

ဒရုန်းဖြင့် ဗုံးကျမဲကြောင့် ခလရ ၁၉ မှ ဒုဗိုလ်မှူးကြီး ကျော်မင်းထွန်း ဒဏ်ရာရ (မစိုးရိမ်ရ)၊ ခမရ ၃၄၁မှ တပ်သား ဟိန်းလွင်စိုး (ဧည့်ခံရေး) သေဆုံး ၊ စအရ ခွဲ၂/၉၁၈ မှ ဒုအရာခံဗိုလ် ဝင်းထိန် သေဆုံး၊ ခမရ ၅၅၇ မှ ဒုဗိုလ်မှူးကြီး ခန့်နောင် ဒဏ်ရာပြင်းထန် (စိုးရိမ်ရ)၊ နဗဟ၂ မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ)၊ ခမရ ၅၅၆ မှ ဒုတိယဗိုလ်မှူးကြီး ဝင်းနောင်ထွန်း ဒဏ်ရာရ (မစိုးရိမ်ရ)တို့ဖြစ်​ကြောင်းသိရသည်။

“ကျန်တာ စကခ ၁၃ နဲ့ ရတခများတယ်တဲ့၊ အကောင်ကြီးတွေပါတယ်၊ အရာရှိက​တော်​တွေလည်းပါတယ်၊ အဲ့ဒီသတင်းကို လျှို့ဝှက်လုပ်ထားပြီး ဖုံးထားတယ်၊ အခမ်းအနားကို ပုံမပျက်ဆက်လုပ်ပြီး အဆိုအက သီချင်းသံ​တွေ ဆက်ကြား​နေရတယ်။ ရတခ တိုင်းနှစ်ပတ်လည်အခမ်းအနားကို DKBA၊ BGF တပ်ဖွဲ့​တွေလည်း တက်ကြတယ်” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *