ကြွေသွားတဲ့ကြယ်တွေအတွက် ကန့်ဘလူမှာသွေးကြွေးဆပ်ခဝေး၈၄ကောင်သုတ်သင်

ကန့်ဘလူမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးပြီး သေနတ် ၅၉ လက်နဲ့ ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိ

++++++++++++++++

နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးပြီး သေနတ် ၅၉ လက်နဲ့ ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ (၁၀) ရက်နေ့ ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာ အနောက်မြောက်ဘက် ချပ်သင်းဘေးမဲ့တောက ထွက်လာတဲ့ ခမရ-၃၆၁၊ ရဲ နဲ့ ပျူစောထီး အင်အား (၂၀၀) ကျော်ရဲ့ နောက်ချန်အဖွဲ့ (နောက်ပွိုင့်)ကို ကန့်ဘလူခရိုင် ကွပ်ကဲရေး၊ ကန့်ဘလူခရိုင် တပ်ရင်း-၂ နဲ့ ကန့်ဘလူခရိုင်/ မြို့နယ်/ ရွာ ပကဖ တို့က ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၈၄) ဦး သေဆုံးခဲ့ပြီး (၂၀) ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ နယ်မြေရှင်းလင်းရေးပြုလုပ်နေတဲ့ နှောကုန်းရွာနဲ့ ချပ်ကုန်းရွာကြား အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့နဲ့ပဲ ထပ်မံတိုက်ပွဲ ဖြစ်ရာ စစ်တပ်ဘက်က (၁၀) ဦး ထပ်မံ ဒဏ်ရာရခဲ့သလို စစ်တပ်ဆီက လက်နက်ကြီး/ငယ် (၅၉) လက်၊ ကျည်မျိုးစုံ (၆၂၀၈) တောင့်၊ ကျည်အိမ်မျိုးစုံ (၁၃၃) ကျော်၊ ဗုံးသီး (၃၇) လုံး၊ လက်ပစ်ဗုံး (၇) လုံး၊ မိုင်း (၁) လုံး၊ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၁၁) ရက်နေ့မှာ အလယ်ခုံရွာ အနောက်ဘက်မှာ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ကိုပဲ ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်က (၄) ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ (၂) ရက်နေ့ကလည်း ချပ်သင်းရွာ ပျူစောထီး အခြေချစခန်းနဲ့ ချပ်ကြီးကျေးရွာ အနောက်မြောက်ဘက်ရှိ ခွေ့စက္ကတောင် ပျူစောထီး အခြေချစခန်းတို့ကို ကန့်ဘလူခရိုင် တပ်ရင်း (၂) နဲ့ ဒေသခံ ပကဖ တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားပြီး ချပ်သင်းရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *