စခတွေအထိနာသွားတဲ့ မြောင်မြို့နယ် ကျောက်ရစ်ရခစခန်းကို မြေပြင်ရော ဝေဟင်ကပါနတ်နတ်သီးကျွေး(ရုပ်သံ)

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု စစ်သား ၁ ဉီး သေဆုံး အများအပြားထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

+++++++++++++

နိုဝင်ဘာ ၁၈ ရက်

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား ဒရုန်း၊ ROCKETအပါအဝင် ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MSPDFမှ သတင်းထုတ်ပြန်ထားပါတယ်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား Shar Htoo WAW နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wing Drone တွေနဲ့ လက်လုပ် အီနာဂါ (၁၅) လုံး၊ ”MSPDF” ထုတ်လက်လုပ် “ROCKET” (၁၆)လုံး၊ ၆၀မမ (၂၅)လုံးတိုနဲ့အတူ လက်နက်ငယ်များနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဉီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDFနှင့်အတူ ညီနောင် မဟာမိတ်များဖြစ်ကြသောမြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)- မြေလတ်PDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း – NRDF၊ MBTT ၊ မြောင်မြိုနယ် ကျေးရွာ တပ်ပေါင်းစု ၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)- မြေလတ်PDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း – NRDF၊ MBTT နဲ့ မြောင်မြိုနယ် ကျေးရွာ တပ်ပေါင်းစုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *