ပန်းတနော် ဥပဒေကလည်းအဆန်းကြီး နန်းမွေတို့သင်ဇာတို့ဒါ့ကြောင့်ထိန်းသိမ်းခံရတာဖြစ်မယ်

ပန်းတနော်မြို့တွင် အောက်ခံဘော်လီမဝတ်သည့် အမျိုးသမီးများကို စစ်ကောင်စီတပ်က ဒဏ်ငွေ ၅၀၀၀၀ ဒဏ်ရိုက်

နိုဝင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် ဒေသခံအမျိုးသမီးများ အောက်ခံဘော်လီမပါလျှင် စစ်ကောင်စီတပ်၏ ဒဏ်ရိုက်အရေးယူခံရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ဒုတိယပတ်ကစတင်ကာ စစ်ကောင်စီတပ်သားများက လမ်းသွားလာသည့် အမျိုးသမီးများအား စစ်ဆေးကာ အောက်ခံဘော်လီမပါရင် ဒဏ်ငွေရိုက်မှုများစတင်ပြုလုပ်လာကြောင်း ဒေသခံများမှ ပြောသည်။

“ခန္နဲကဘို အုပ်စုရွာက ရဲတွေဘယ်လောက်ငတ်ပြတ်နေလည်းဆို ရွာဘက်က အန်တီကြီးတွေသွားလာနေကြတာ ဘော်လီမဝတ်ရင် ငွေ ၅၀၀၀၀ တောင်းပါတယ်။ နောက်ပြီး စက်ဘီးကို အကြောင်းအမျိုးမျိုးရှာပြီး ငွေတောင်းတယ်။ ရွာကို ဆွေမျိုးတွေ လာလည်ရင်လဲ ဧည့်စာရင်းမတိုင်ရင် ၁၅၀၀၀၀ ဒဏ်ငွေရိုက်ပါတယ်” ဟု ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက

ဧရာဝတီတိုင်းမ်က်ိုပြောသည်။

ခုလိုမျိုး စစ်ကောင်စီတပ်သားများအနေဖြင့် ဘော်လီမဝတ်သည့်အပေါ်ဒဏ်ငွေရိုက်ခြင်းမှာ အကြောင်းမရှိအကြောင်းရှာပြီး ငွေညှစ်နေခြင်းသာဖြစ်ကြောင်း ဒေသခံအများစုက ပြောသည်။

စစ်ကောင်စီတပ်သားများက နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာ ငါးသိုင်းချောင်းမြို့ရှိ တံတော်ပေါ်တွင် ရဲတပ်ဖွဲ့က အရာရှိတစ်ဦးနှင့် ရဲမေများပါဝင်သည့်အဖွဲ့မှ ဘော်လီမဝတ်သည့် အမျိုးသမီးများအား ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံများမှ ပြောသည်။

“ဘော်လီမဝတ်တာ ဘာဥပဒေကို ချိုးဖောက်နေလို့လဲ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်တောင် လွတ်လွတ်လပ်လပ်နေလို့မရတော့ဘူးလား၊ ဒါက သပ်သပ်ငွေလိုချင်လို့ အကြောင်းရှာတယ်လို့ပဲ မြင်ပါတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ပြောသည်။

အာဏာသိမ်းပြီး ၁ နှစ်ခန့်အကြာတွင် ဧရာဝတီတိုင်း၌ စစ်ကောင်စီတပ်သားများက ခုလိုမျိုး ဘော်လီမဝတ်ခြင်း၊ စက်ဘီးဘဲလ်မပါခြင်းနှင့် ခြေနင်းမပါခြင်းတို့အပြင် အသားမည်းသူများအား ဖမ်းခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *