ရွှေဘို မုန့်ဟင်းခါး၆ပွဲ မြိန်နေရော

ရွှေဘိုမြို့ပေါ်တွင် စစ်ကား ၃ စီးမိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အောင်ချမ်းသာထိပ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် ကား ၃ စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြ ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီခန့်က ရွှေဘိုမြို့၊ လေ့ကျင့်ရေး ၈ တပ်မှ ထွက်လာသော သံပြားကာ ကား ၂ စီး၊ Parado ကားတစ်စီးကို ရွှေဘိုမြို့ အလက ၁ ကျောင်းအနီးအရောက် မိုင်း ၁ လုံးဖြင့် တစ် ကြိမ်၊ မိုင်း ၄ လုံးဖြင့် တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက အနီးအနားဝန်းကျင် ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီး ၆၀ မမ ၂ လုံးအပြင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ၊ဇေယျာသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ shwebo Crocodile ၊ ရွှေဘို အားမာန် မြို့ပြပျောက်ကျား ၊ Black Silencers DEFENCE FORCE ၊ 96 Solider ၊ Burmese Farmers Defense Force(BFDF)၊Flying Dragon Force၊သိင်္ခအားမာန်အဖွဲ့၊ Shwebo Federal Army ၊ Snake Eyes ၊ ဘီလူး ညီနောင်အဖွဲ့ ၊ ရှင်းရှင်း ပ.က.ဖ ၊ ရွှေဘိုဒေါင်းမာန် ၊ မဟူရာရွှေဘိုသား၊ Bo Ba Taw ၊ HG Fighter ၊ ရွှေဘိုစွန်ရဲ့၊ ဒေါင်းစစ်သည် ဗိုလ်လင်းရောင်(ဒပယ)YING NI တန(၂) မဟာမိတ်ညီနောင်များ နှင့် တန(၅) မဟာမိတ်ညီနောင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *