ကဲကဲ အကောင်ကြီးတွေအလှည့်လာပီဟေ့

နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စကခ-၇ မှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး သေဆုံး

ဧရာ၀တီတိုင်းမ်

နို၀င်ဘာလ ၁၈ ရက်

ရှမ်းပြည်မြောက်ပိုင်း တအာင်းတပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် TNLA အဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၇) ဗိုလ်မှူးချုပ် လင်းအောင်မိုး သေဆုံးသွား ကြောင်း သိရသည်။

ယမန်နေ့ နို၀င်ဘာလ ၁၇ ရက်နေ့က နမ့်ခမ်းမြို့နယ် မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်း တို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယနေ့ နို၀င်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ စကခမှူး ဗိုလ်မှူးချုပ်လင်းအောင်မိုး (ကြည်း-၂၈၆၅၁) သေဆုံးသွား ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“တိုက်ပွဲက မနေ့ကတည်းက ပြင်းထန်နေတာ။ မန်တကပ်နဲ့ နမ့်ဖတ်ကာဘက်က လက်နက်ကြီးပစ်ကူတွေ တော့ရှိတယ်။ ဒီမနက်မှာ ကျွန်တော်တို့ဘက်က စကခမှူး ကျသွားတယ်။ အခုအချိန်ထိ အလောင်းကိုမကောက်နိုင်သေးဘူး” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် ဗိုလ်မှူးချုပ် လင်းအောင် မိုးတွင် ဇနီးဖြစ်သူ ထားထားနွယ်နှင့် သမီးနှစ်ဦးကျန်ရှိခဲ့ကြောင်း သိရသည်။

နမ့်ခမ်းတိုက်ပွဲကို စစ်ကောင်စီက လက်နက်ကြီးပစ် ကူ ၂၅ ကြိမ်ထက်မနည်းပစ်ခတ်ပြီး ယနေ့ နံနက်ပိုင်း တွင်လည်း ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် လာရောက်ပစ်ခတ်မှုများ ရှိကြောင်းသိရသည်။

စစ်ကောင်စီ၏ ခလရ ၁၄၄ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကျရောက်ပြီး နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးသွားကြောင်း ညီနောင် မဟာမိတ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

နမ့်ခမ်းတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်း ဆုံးရှုံးမှု အခြေအနေကို ညီနောင်မဟာမိတ်အဖွဲ့က အသေးစိတ်ထုတ်ပြန်ထား ခြင်းမရှိသေးပေ။

အလားတူ ပန်လုံဗျူဟာကုန်းကို ကိုးကန့်တပ်မတော် MNDAA နှင့် ရက္ခိုင့်တပ်တော် AA ပူးပေါင်းအဖွဲ့က နို၀င်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗျူဟာ ကုန်းကို ဒရုန်းဗုံးချ၍ တိုက်ခိုက်စဉ် မုံးကိုးအ‌ခြေစိုက် တပ်မ(၉၉) မှ ဗိုလ်မှူးချုပ် အောင်ကျော်လွင်အပြင် တပ်မ (၉၉) လက်အောက်ခံ ခမရ-၁၁၃ နှင့် ခမရ-၄၁၈ မှ စစ်ကောင်စီတပ်အရာရှိ၊ အရာခံတပ်သားများလည်း သေဆုံးမှုများကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *