အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှစ်ပတ်လည်အခမ်းအနားကျင်းပနေချိန် နတ်နတ်သီးမိုးရွာ(ရုပ်သံ)

စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှစ်ပတ်လည်အခမ်းအနားကျင်းပနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၁၉ ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအ နားကျင်းပနေချိန် တော်လှန်ရေးတပ်တွေက Fixwing Kamikaze Drone ၂ စီးနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်တွင် တပ်တွင်းသတင်းပေးပို့ချက်အရ မော်လမြိုင်မြို့အခြေစိုက် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအ နားကျင်းပနေချိန် တော်လှန်ရေးတပ်တွေက Fixwing Kamikaze Drone ၂ စီးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုအရာခံဗိုလ် ၁ ဉီးနဲ့ တပ်သား ၁ ဉီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီခွဲခန့်က တော်လှန်ရေးတပ်တွေ ချောင်းနှစ်ခွရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူပေးနေတဲ့ မုဒုံ လစရ-၂ ၊ တောင်ကလေး ရဲစခန်း၊ ကဒါ ရဲစခန်း၊ ကျန်တော ဘုန်းကြီးကျောင်းအနီး၊ ကြာအင်းကွေ့ ဘုန်းကြီးကျောင်းအနီးနဲ့ ကြာအင်းဆိပ်ကြီး ၂၈၃ တွေကို Fixwing drone တွေနဲ့ ဗုံးသီး ၃၅ လုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဉီး သေဆုံးခဲ့ပြီး Jumber Car တစ်စီး ဖျက်စီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေက Fixwing Drone ၁ စီး ပျက်ကျပေါက်ကွဲသွားခဲ့ရတယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို ALPHA BATS DRONE FORCEနဲ့ KNDO တပ်ရင်း ၆ DRONE တပ်ဖွဲ့ ၊ အခြား DRONE တပ်ဖွဲ့ မြေပြင်တပ်ဖွဲ့ တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *