မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုပျူရွာစခန်းကိုငှက်ပျောဖူးနဲ့ထု(ရုပ်သံ)

ပျူစခန်းကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သားတယောက်သေဆုံးသွားဟုဆို

နိုဝင်ဘာ ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုပျူရွာစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားတယောက်သေဆုံးသွားတယ်လို့ ွပ်ဒေါင်းမာန်တပ်ဖွဲ့ကအသိပေးထားပါတယ်။

ယမန်နေ့ညနေ ၄နာရီခန့်က ညောင်ငုတ်တိုမှာ တပ်ချထားတဲ့ အာဏာလုအကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေကို လက်လုပ် ၈၀ မမ ၁၀ လုံး၊ လက်လုပ် ရော့ကတ် ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။

“စခတယောက်သေတယ်တော့ကြားတယ်ဗျ။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ခွေးတွေက အပြင်သိပ်မထွက်တော့ဘူး အခုက။လာတိုက်မှပြန်ပစ်တာမျိုးပေါ့ဒီကောင်တွေ ကြောက်နေတာတော့ သေချာတယ်”လို့ဒေသခံတဦးက ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ ခွပ်ဒေါင်းမာန် LPDF ၊ မြောင်မြို့နယ် ပကဖ ၊ ရွာပုလဲ တိုက်နယ် ပကဖ၊ ရပ် ကျေးပကဖ နှင့် အခြားမဟာမိတ်တပ်ရင်းများ၊ LPDF များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *