ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီ၏
လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်
မောင်မောင်၊ရဲခေါင် /People’s Spring
ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဉ်မှူး ဖြစ်သူ ဗိုလ်မှူးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာ
ကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
ကရင်နီဒေသ နိုဝင်ဘာ ၁၁ရက် ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လေကြောင်း တိုက်ခိုက်လာသည့် စစ်ကောင်စီ လေယာဉ်ကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့၍ ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးကိုလေထီးခုန်ပြီး လွတ်
မြောက်သွားခြင်းဖြစ်သည်။
ထိုသို့ လွတ်မြောက်သူ ၂ဦးအနက် ဗိုလ်မှူး ခိုင်သန့်မိုး ဆိုသူကို နိုဝင်ဘာ ၁၉ရက် နေ့လည် ၂နာရီတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပျက်ကျ ခဲ့သည့် K-8 အမျိုးအစား စစ်လေယာဉ်မှ လေထီးခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေသည့် စစ်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၄မှ ဖြစ်ပြီး ၎င်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းသည် ကရင်နီတပ်ပေါင်းစုက ပွိုင့် ဖိုက် (Point -5 )ဖြင့်ပစ်ခတ်၍ တောင်ပံနှင့် ကိုယ်ထည်ထိပြီး ပျက်ကျခဲ့သော စစ်တပ်တိုက်လေယာဥ်မှ လေယာဥ်မှူးမှာ ၂ ဦးဖြစ်၍ ကျန်
တစ်ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းမမိသေးပေ။
ပစ်ချခံရသည့် တရုတ်နိုင်ငံထုတ် K-8 အပေါ့စားတိုက်လေယာဥ် မှ လေထီးဖြင့် ခုန်ထွက်ခဲ့ပြီး ထွက်ပြေးနေသော လေယာဥ်မောင်း ၂ ဦး၏ လေထီးနှင့် အသုံးအဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်တွင်တွေ့ရှိခဲ့သည်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တိုက်လေယာဉ်သည်ပစ်၍ထိခြင်းမဟုတ်ဘဲ လေကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းငြင်းဆိုခဲ့သည်။
ထိုကြောင့် ကရင်နီတပ်ပေါင်းစုက ပွိုင့် ဖိုက်စက်သေနက်
ဖြင့် တိုက်လေယာဥ်ကို ပစ်ခတ်မှု ၊လေယာဥ်မီးခိုးထွက်ပြီး ပျံသန်းသွားသောရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။
ထိုအပြင် တိုက်လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို လေယာဥ်ပျက်ကျပြီးနောက်တစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်၌ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီ ရွာကြား တောင်ယာတဲအနီး တွေ့ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဓါတ်ပုံများနှင့်တစ်ကွ သတင်းထုတ်ပြန်
သည်။
စစ်ကောင်စီက မြေပြင်တိုက်ပွဲများတွင် အထိနာလာပြီးနောက်လေကြောင်းကိုသာအားကိုး၍ ဗုံးကျဲတိုက်ခိုက်အကြမ်းဖက်ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ၍သေဆုံးဒဏ်ရာရခဲ့သည်။