တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများက မိုင်းထိပြီး ထိခိုက်သေဆုံးသည့်တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ဆောင်စဉ် တိုက်ခိုက်ခံ (ရုပ်သံ)
နိုဝင်ဘာလ ၂၁
အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများက မိုင်းထိပြီး ထိခိုက်သေဆုံးသည့်တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ဆောင်စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယမန့်နေ့ညနေ့ ခြောက်နာရီတွင် တိုက်ခိုက်ခဲ့ကြောင်း Area 71 Monywa PDF က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။
ယမန့်နေ့ညနေ့ ခြောက်နာရီတွင် တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများက မိုင်းထိထားပြီး ထိခိုက်ဒဏ်ရာသေဆုံးသူများကို ပြန်လည်သယ်ဆောင်လာစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ရော့ကက် သုံးလုံး ၊ ကိုးဆယ်မမ ရှစ်လုံး၊ ခြောက်ဆယ်မမ ငါးလုံးကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများက ခြောက်ဆယ်မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်က အထိအခိုက်မရှိကြောင်း Area 71 Monywa PDF က ပြောဆိုထားပါသည်။
အထက်ပါစစ်ဆင်ရေးကို area71 နှင့် Black hero local PDF၊ Anyar defence force ADF၊ Youth vigor revolution force YBRF နှင့် ယင်းမာပင်ခရိုင် တပ်ရင်း(၁၆) တပ်ခွဲ(၁)တပ်စိပ်(၃)တို နှင့်အတူပူးပေါင်းပြီးဆောင်ရွက်ခဲ့တာ ဖြစ်သည်။