နွားလဝိုးစခန်းအား ဝင်ရောက်သိမ်းပိုက်(ရုပ်သံ)

လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီတပ်ရဲ့ နွားလဝိုးစခန်းအား တော်လှန် ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

နိုဝင်ဘာ ၂၁ ရက်

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ကရင်နီပြည် လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီတပ်ရဲ့ နွားလဝိုးစခန်း အား တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှမ်းတောင် အမှတ်(၁၀၀၈)တပ်ရင်း တပ်ခွဲ ၂ (Cobra Force) မှ သတင်းရရှိပါတယ်။

ကရင်နီပြည်တွင် ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ကို စတင်ပြီး ရှမ်းတောင် အမှတ် (၁၀၀၈)တပ်ရင်း တပ်ခွဲ ၂ (Cobra Force) ဟာ KA၊ KNDF၊ KNPLF၊ DMO Local PDF၊ Loikaw PDF၊ မြို့ပြပြောက်ကြားတပ်ဦး(URF)နဲ့ ရှမ်းတောင် ဗျူဟာ(၂)တပ်ရင်းများဖြစ်တဲ့ အမှတ် ၁၀၀၅ တပ်ရင်း၊ အမှတ် ၁၀၀၃ တပ်ရင်း၊ အမှတ် ၁၀၀၉ တပ်ရင်း (IPDF) ၊ အမှတ် ၁၀၁၁ တပ်ရင်း (PNDF) တို့နဲ့အတူ လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီရဲ့ နွားလဝိုးစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ ရက်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် စခန်းအနီးရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ၁၀၀၈ တပ်ရင်း၊ တပ်ခွဲ ၂ မှ ရဲဘော် ၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီတပ်ဟာ စခန်းနဲ့ လက်နက်ခဲယမ်းတွေကို စွန့်ခွာထွက်ပြေး သွားပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *