ကဲ သူတို့လိုအမြင်မှန်ရကြပါ ဝင်သာနားထောင်ကြည့်တော့ ဘောမများမကြည့်ရ(ရုပ်သံ)

ချောင်းနှစ်ခွတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်း များ၏ အမြင်သဘောထား ရုပ်သံ။

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ – ဒူးပလာယာ ခရိုင်။ KNU – ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်း များ၏ အမြင်သဘောထားများအား ရုပ်သံဖြင့် တင်ပြခြင်းဖြစ်သည်။ KNU – ဒူးပလာယာခရိုင်အတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြို့ပြပျောက်ကျား အဖြင့် သော်လည်းကောင်း နေ့စဥ်နှင့်အမျှ ဆောင်ရွက်လျှက်ရှိသည့်အပြင် စစ်ရေးအရ တင်းမာမှုများ ရှိနေသည်။ ဒူးပလာယာခရိုင်အတွင်း အခြေစိုက်သော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအရ ပျက်စီးခြင်း၊ တပ်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကျဆင်းခြင်း စသည့်အခြေအနေများ အပြင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှာ မြေပြင်တိုက်ပွဲအတွင်း အရေးနိမ့်သည့်အချိန်တိုင်း လေကြောင်းပစ်ကူအဖြင့် စစ်ကူတောင်းခံလေ့ရှိသည်။

သို့ပေသည့် ၎င်းတို့၏ အထက်တာဝန်ရှိလူကြီးများမှ ရှေ့တန်းတွင် အသက်ပေး တိုက်ပွဲဝင်နေကြသော တပ်သားများအား လိမ်လည်ပြောဆို၍ လေကြောင်းပစ်ကူအား အချိန်မှီ စေလွတ်မပေးနိုင်ခြင်း စသည့်ဖြစ်ရပ်များကြောင့် ဒူးပလာယာခရိုင်အတွင်း တာဝန်ကျ လှုပ်ရှားနေသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှာ ၎င်းတို့၏ တပ်စခန်းအား စွန့်ခွါ ထွက်ပြေးခြင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခြင်း၊ အထက်မှ ပေးအပ်သော တာဝန်များအား ဖီဆန်၍ မိမိတို့၏ သဘော ဆန္ဒ နှင့် မှန်ကန်သော ရွေးချယ်မှုဖြင့် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ထံသို့ နေ့စဥ်နှင့်အမျှ လာရောက်ပူးပေါင်းခြင်း စသည်များရှိနေသည်။ ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *