မတ္တရာမြို့ကို ပြန်လာသည့်အာဏာသိမ်းစစ်တပ် ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရပြီး စစ်သားနှစ်ဦး သေဆုံး
ဝင်ဘာလ ၂၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာတွင် လေးရက်ကြာတပ်စွဲပြီး မတ္တရာမြို့ကို ပြန်လာသည့်အာဏာသိမ်းစစ်တပ်ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ယမန့်နေ့ညတွင် ပြောဆိုခဲ့သည်။
ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ” လက်နက်ကြီးတွေ ရော လက်နက်ငယ်တွေရော တရစပ်ပစ်တာပါ၊ သစ်ပုတ်ပင်နားမှာ ဖရဲစိုက်ပြည်သူတွေ ထိသွားတာ မတ္တရာမြို့ပေါ်ကိုပါ စစ်ကြောင်းက ပြန်သွားပြီ တွေ့ရာနေရာတွေရမ်းပစ်တာပါ ပြည်သူနေအိမ်တစ်လုံးကို မီးရှို့သွားပါတယ်”လို့ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နိုဝင်ဘာလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မတ္တရာမြို့နယ်ရှိ ဥဒိန်ကျေးရွာတွင် လေးရက်ကြာတပ်စွဲပြီး မတ္တရာမြို့ကို ပြန်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်က နှစ်ဦး သေဆုံးပြီး ၎င်းတို့ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဖရဲသီးစိုက်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့၊ Phoenix SGG ၊ Royal Falcon တပ်ဖွဲ့နှင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။