ရှယ်မိုက်သော ဝေဟင်တပ်(ရုပ်သံ)

စစ်အုပ်စုတပ်စွဲထားတဲ့ အနောက်ဘုန်းကန်ရွာကအိမ်တွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာက စစ်အုပ်စုတပ်စွဲထားရာနေရာတွေအပေါ် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Young Force – UGဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ကအနောက်ဘုန်းကန်ရွာက စစ်အုပ်စုတပ်စွဲထားရာနေရာတွေကို Fix Wing ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ပြီး အသေးစိပ်သိရဖို့ စုံစမ်းနေတယ်လို့ဆိုပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ မြိုင် ပကဖ တပ်ရင်း (၁) ၊ MRTF(မြိုင်) နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (၂)မှ Thurain-TR Pakokku ၊Young Force -UG တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *