အဘကသတင်းပဲထုတ်ပြန်နေတာ AAကတော့ဒုတိယအသုတ်တောင်ကယ်ထုတ်လာပြီ လက်တွေ့နော်(ရုပ်သံ)

ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၁၀၄ ဦးကို AA က ဒုတိယအကြိမ် ထပ်မံကယ်ထုတ်၊ စစ်ကောင်စီလက်ထဲမှ ပြည်သူ ၂၂၄ ဦးကို ကယ်ထုတ်နိုင်ခဲ့

နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၁၀၄ ဦးကို AA က ဒုတိယအကြိမ် ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်း ပေါက်တောမြို့နယ်တွင် စစ်ကောင်စီက ဓားစာခံဖမ်းဆီးထားသည့် ကိုယ်ဝန် ဆောင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများပါသော ပြည်သူ ၁၀၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပေါက်တောမြို့နယ်မှ ပြည်သူ ၁၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ရာ ယခုအကြိမ်နှင့်ပေါင်းလျှင် စုစုပေါင်း ပြည်သူ ၂၂၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း AA က ဆိုသည်။

စစ်တပ်က နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ပြည်သူများကို စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်နေသေးသည့် ပေါက်တောမြို့မှ ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ရန် AA က အစွမ်းကုန် ဆက်လက်ကြိုးပမ်းနေသည်ဟု သိရှိရသည်။

ထို့ပြင် ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အနီးတွင်ရှိသည့် စစ်ကောင်စီ စစ်သင်္ဘောများက ယမန်နေ့ နံနက်နှင့် ညနေတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းလက်နက်ကြီးများ ပေါက်တောမြို့ထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *