နင်တို့ကစွန့်ပစ်ပစ္စည်းသာသာပဲ

ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို MNDAA ထပ်သိမ်း၊ သေဆုံး၍ စွန့်ပစ်ခံထားရသည့် အလောင်းများထဲတွင် အရာရှိများလည်း ပါဝင်နေ

နိုဝင်ဘာလ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် MNDAAက ထပ်မံသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အဖွဲ့ဝင်တစ်ဦး အလင်းဝင်လာကြောင်း သိရသည်။

MNDAAတပ်သည် ရှီးရှမ်းဒေသ၊ လူရွှေအနီး သူ့ကြားလယ်ကွင်း အနောက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်

သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တချိန်တည်းတွင်ပင် ဖောက်လုပ်တောင်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးသည် ရှီးရှမ်းဒေသ အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တုန်းရှမ်းဒေသ ဟူတောင်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၂၂)ရက်နေ့က MNDAA တပ်ရှိရာ လောက်ရှုကုတ်အနောက်တောင်ကုန်းသို့ စစ်ကြောင်း(၂)ကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

MNDAA မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ (၆၀)မမ အမြောက်(၂)လက်၊ ရိုင်ဖယ် (၄)လက်(၈၁အမျိုး အစား ၁ လက်အပါအဝင်)၊ ပစ္စတို (၁)လက်၊ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှ စွန့်ပစ်ခဲ့သည့် စစ်ကောင်စီတပ်သား (၄)လောင်းကိုတွေ့ရှိခဲ့ပြီး ယင်းအထဲတွင် ဗိုလ်အဆင့် အရာရှိတစ်ဦး ပါဝင်သည်ဟု သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *