အဘဆီပြန်ဖို့မတွေးနဲ့ မုန့်ဟင်းခါးချက်ခံရမယ်

အိန္ဒိယသို့ ထွက်ပြေးပြီးနောက် စစ်ကောင်စီထံသို့ ပြန်ပို့ခံရသည့် စစ်သားများ ရှေ့တန်းပြန်ထွက်ရသဖြင့် အလံဖြူထောင်ပြီး PDF ထံတွင် အလင်းဝင်

နိုဝင်ဘာလ ၂၄ ရက်

ချင်းပြည်နယ်၊ အိန္ဒိယ – မြန်မာ နယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခံရပြီး အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသွား သော စစ်သားများကို မြန်မာစစ်တပ်က ပြန်လည်ခေါ်ယူကာ ရှေ့တန်းသို့ ပြန်ပို့သဖြင့် အလံဖြူထောင်ကာ PDF ထံတွင် အဆိုပါ စစ်သားများ အလင်းဝင်လာကြကြောင်း တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယမှ ပြန်လည်ရောက်ရှိသော စစ်ကောင်စီတပ်မှ တပ်သား ကျော်လင်းထိုက်၊ ကောင်းထက်အောင် တို့ ၂ ဦးသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် PDF ထံသို့ အလံဖြူထောင် အလင်းဝင်ရောက်လာကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ တမူးမြို့နယ်တွင် ပန်းသာပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် NLA တပ်တော်၊ Fighter police၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တို့ ပူးတွဲစစ်ဆင်ရေးလုပ်နေစဉ် စစ် ကောင် စီတပ်သား ကျော်လင်း ထိုက်သည် MA 2 သေနတ်ဖြင့်လည်းကောင်း၊ တပ်သား ကောင်းထက် အောင် သည် MA 4 သေနတ်ဖြင့် လည်း ကောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ တပ်ရင်း – ၄ ထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ပြောတာတော့ ရိဒ်ခေါဒါရ်မြို့ကို ချင်းတပ်မတော်က ဝင်တိုက်တယ်၊ သူတို့က ပြေးရ တယ်၊ ပြေးပြီး တော့ အိန္ဒိယစစ်တပ်က ကူညီပေးထားတယ်၊ အဲဒီကနေမှ တမူးနယ်စပ် မိုးရေးမြို့ကို ပို့လိုက်တယ်၊ မိုးရေးမြို့ကနေ မြန်မာပြည်ဘက်ကို ပြန်ပို့လိုက်တာ၊ အဲဒီစစ်သားတွေကို၊ အပ်ပြီးတော့ သူတို့ကို တစ်ခါတည်း စစ်ကြောင်း ပြန်ထိုးခိုင်းတာ၊ အဲဒီအချိန်မှာ သူတို့ကလည်း အရမ်းပင်ပန်းနေပြီပေါ့၊ နယ်ခံတွေလည်း မဟုတ်ဘူး၊ အခုလိုကြီးစစ်ကြောင်းပဲ ထိုးခိုင်းနေတာဆိုပြီး သူတို့ကလည်းအရမ်းပဲ စိတ်ဓာတ်ကျပြီး တော့ ပြောတယ်၊ နောက်ထပ်လည်း သူတို့ဘက်က ၁၀ ယောက် ၁၅ ယောက်လောက် ရှိသေးတယ်လို့ ပြောတယ်၊” ဟု တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလင်းဝင်လာသည့် စစ်သား ၂ ဦးနှင့်အတူ အခြားစစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် အလင်းဝင်ရောက်ရန် လာခဲ့သော်လည်း ဖုန်းအချိတ်အဆက် ရရှိထားမှုမရှိခြင်း၊ အလံဖြူ မပြမိပါက ပစ်မိမည်ကို စိုးရိမ်ခြင်း တို့ကြောင့် အလင်းဝင်နိုင်ခြင်း မရှိကြောင်း၊ စစ်ကောင်စီတပ်များတွင် စစ်တိုက်ချင်သူမရှိတော့ဘဲ အလင်းဝင်ရောက်နေသူ များပြား လျက်ရှိကြောင်း တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သူတို့ ပြောတဲ့ ပုံစံဆိုရင် စစ်သားတွေက မတိုက်ချင်တော့ဘူးပေါ့၊ ဖြစ်နိုင်ရင် ဘာမှ မဖြစ်ချင်တော့ဘူး၊ တိုက်လည်း မတိုက်ချင်တော့ဘူး၊ လွတ်လွတ်လပ်လပ်ပဲ နေချင်တော့တယ်လို့ ပြောတယ်၊ သူတို့နှစ်ယောက် ကိုတော့ သဘောကျတယ်၊ သူတို့ရဲ့ မျက်နှာတွေကြည့်တာနဲ့ ကလိမ်ကကျစ်မျက် နှာတွေတွေမဟုတ် ဘူးဗျ၊ သူတို့မှာ အလံဖြူပြစရာဘာမှမရှိလို့ ကြွပ်ကြွပ်အိတ်လေးကို တုတ်ထိုးပြီးတော့ အလံဖြူပြပြီး ဝင်လာတာ၊ ကျနော်တို့အရင်တုန်းက စခန်းချခဲ့တဲ့ တဲလေးတစ်တဲ ရှိတယ်၊ တောင်ယာပြင်မှာ အဲဒီတဲ လေး ကို အိမ်ရှင်တို့ အိမ်ရှင်တို့ အော်နေတာ၊ သူတို့က ကျနော်တို့ ယူနီဖောင်း အစုတ်လေးတွေ ကျန်ခဲ့ တာကို တွေ့ပြီး၊ ဒါဆိုရင် PDF တွေရှိမှာပဲ ဆိုပြီး ဒီအတိုင်း ဗြုန်းစားကြီးဝင်လာတာ၊ ဝင်လာတော့ ကျနော်တို့ ကင်းပုန်းနဲ့တွေ့ပြီး”အလင်းဝင်ချင်လို့ပါဗျ၊” အော်တာ၊ ကျနော်တို့ကလည်း ဘာတွေအော် တာလည်း မသိဘူးဆိုပြီး ၊ ပစ်ရတော့ မလား၊ အမိန့်ပေးဖို့ စောင့်နေရင်း “အလင်းဝင်မှာဆိုရင် အလံဖြူပြ” ဆိုတော့ သူတို့ဆီမှာက အလံဖြူပြစရာ ပိတ်စတွေ၊ ဘာတွေ ပါမလာဘူး၊ ပိတ်စအဖြူစတွေဘာတွေ ယူလာရင် အရာရှိအရာခံတွေက ရိပ်မိမှာစိုးလို့ မယူရဲဘူးတဲ့၊ အဲဒါဆိုတော့ ဘေးကတွေ့တဲ့ ကြွပ်ကြွပ် အိတ်လေးကို တုတ်တိုးပြီးအလံဖြူပြ အလင်းဝင်လာတာ၊ အဲဒါနဲ့ ကျနော်တို့ကလည်း လက်နက်တွေ အဲဒီမှာ ချထားခဲ့ပြီး လူတွေ ဒီဘက်ကို လာခဲ့ဆိုတော့ သူတို့ဆီက ပါတဲ့လက်နက်တွေ၊ ကျည်တွေ အကုန်ချထားခဲ့တယ်၊ အဲလို ဝင်လာတာဆို တော့ ကျနော်တို့လည်း နွေးနွေးထွေးထွေးကြိုဆိုလိုက်တယ်၊ “ ဟု ၎င်းက ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *