မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိချင်းအလံ လွှင့်ထူ (ရုပ်/သံ)

မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ စစ်တပ်စခန်းကို ချင်းတော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ပြီးနောက် ချင်းအမျိုးသားအလံ လွှင့်ထူ (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ အကြမ်းဖက် စစ်တပ်စခန်းကို ချင်းတော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ပြီးနောက် ချင်းအမျိုးသားအလံ လွှင့်ထူခဲ့ကြောင်း တော်လှန်ရေး တပ်ပေါင်းစုထံမှ သိရသည်။

CNA နှင့် ချင်းတော်လှန်ရေး တပ်ပေါင်းစုက လိုင်လင်းပီမြို့ရှိ စစ်ကောင်စီစခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လိုင်လင်းပီမှာ စစ်ကောင်စီစခန်းကြီးတစ်ခုပဲ အဓိကရှိတာ။ အဲဒီစခန်းရပြီဆိုတော့ မြို့က ခပ်သေးသေးဆိုတော့ မြို့သိမ်းလို့ရပြီလို့ ပြောလို့ရတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လိုင်းလင်းပီ စစ်ကောင်စီတပ်စခန်းကို CNA၊ CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့် CDF -Zophei ပူးပေါင်းတပ်ဖွဲ့က ပိုက်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြာင်းပစ်ကူများ ၄ရက်ကြာ တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်စခန်းကို ချင်းတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ချင်းအမျိုးသားအလံ လွှင့်ထူခဲ့ကြောင်း သိရသည်။

Video credit – The Chin Journal

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *