ဂျပန်နိုင်ငံရောက် အမေ့သားသမီးတွေအတွက် ကျေးဇူးပါဝန်ကြီး

ဂျပန်နိုင်ငံတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂ (JAM) ၏ ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမျိုးသားညီညွတ်ရေးအစိုးရမြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (ဂျပန်) တာဝန်ခံများနှင့် အတူ ဂျပန်နိုင်ငံရှိအင်အားကြီး အလုပ်သမားသမဂ္ဂတစ်ခုဖြစ်သော Japanese Association of Metal,Machinery , and Manufacturing Worker (JAM)မှ ဥက္ကဋ္ဌ Mr.Katahiro Yasukochi ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရမှ သတင်းထုတ်ပြန်သည်။

ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားအလုပ်သမားများနှင့် ဂျပန်နိုင်ငံသို့ လာရောက်လိုသော မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ၊အလုပ်သမားအခွင့်အရေးများနှင့် လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရနိုင်သော အလုပ်သမားရေးရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးစေနိုင်ရန် ရည်ရွယ်ချက်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

JAM အနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်အသိအမှတ်ပြုပြီး အလုပ်သမားရေးရာကဏ္ဍရပ်များတွင် အမျိုးသားညီညွတ်ရေး အစိုးရနှင့်လက်တွဲ လုပ်ဆောင်သွားရန်အတွက် တိုက်တွန်း ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံသား အလုပ်သမားရေးရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း ပိုမိုမြန်ဆန်စေရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ တာဝန်ခံများမှတဆင့် ဆက်သွယ်ဆောင်ရွက်သွားနိုင်ရန်လည်း ပြောကြားခဲ့ကြောင်း၊ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ Mr.Katahiro Yasukochi မှလည်း ဂျပန်နိုင်ငံရှိ အင်အားကြီးအလုပ်သမားသမဂ္ဂများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုခြင်းဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် အတူတကွရပ်တည်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *