ဘာလားဟ ဥပ​ဒေအပြင် အခြားနည်းလမ်းပေါင်းစုံဆိုတာဘာလဲဟင်

အခွန်မဆောင်သူများ ပြားလွန်း၍ ဝန်ကြီးဌာနတိုင်း အခွန်ကောက်ခံပေးရန် မင်းအောင်လှိုင် လျှို့ဝှက် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အကြမ်းဖက်စစ်ခေါင်းဆောင်က အခွန်မဆောင်သူ များပြားလွန်းနေ၍ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အခွန်အပြည့်အ၀ ရရှိစေရေး ကောက်ခံပေးရန် လျှို့ဝှက် ညွှန်ကြား လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးအမှတ်စဉ် ၆ / ၂၀၂၃ တွင် မင်းအောင်လှိုင်က “အစိုးရတစ်ရပ်အနေဖြင့် အခွန်ပေါ်မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် တာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနများက အခွန်ကို ဖိဖိစီးစီးနှင့် အပြည့်အ၀ ရရှိအောင် ကောက်ခံပေးရန် ညွှန်ကြားကြောင်း သိရှိရသည်။

“အခွန်ကိစ္စဆိုတာက ဝန်ကြီးဌာနတိုင်းမှာ တာဝန်ရှိတယ်။ အခွန်ဌာနပဲ တာဝန်ရှိတာမဟုတ်ဘူး။ အခွန်တွေ ရအောင် ကောက်ပေးကြဖို့ ညွှန်ကြားတာပါ။ ဝန်ကြီးဌာနတိုင်းကို ညွှန်ကြားတာ။ အခု အခွန်တွေမရလို့ အခက်အခဲ အရမ်းဖြစ်နေတယ်။ ဒါကို ပြေလည်အောင်လုပ်ဖို့ ဝန်ကြီးဌာနတိုင်းက အခွန်ကောက်ပေးဖို့ ညွှန်ကြားချက်ထုတ်တယ်။ ညွှန်ကြားတာကတော့ ဝန်ကြီး ဌာနတိုင်းကို နစက ဥက္ကဋ္ဌ ကနေ လျှို့ဝှက် ညွှန်ကြားပါတယ်” ဟု နေပြည် တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဖရဲသီးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခွန်မဆောင်သူများကို ပြစ်ဒဏ်ပေးခြင်းဖြင့် အခွန်များ ဆောင်လာစေရေး လုပ်ဆောင်ရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အခွန်ရရှိရေးအတွက် ဥပဒေအပြင် အခြား နည်းလမ်းပေါင်းစုံ အသုံးပြုရန် လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *