ဖွတ်တွေအစည်းအဝေးလုပ်နေတဲ့ရုံးကိုအနီးကပ်ကစ်(ရုပ်သံ)

ကြံ့ဖွံ့ရုံးထဲမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုလက်ပစ်ဗုံးနဲ့ အနီးကပ်အပစ်ခံရ (ရုပ်သံ)

နိုဝင်ဘာ ၂၅

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ကြံဖွံ့ရုံးမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အနီးကပ်သွားရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ K.R.A ဘက်က အသိပေးထားပါတယ်။

ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ကြံ့ဖွံ့ရုံးထဲ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာမှာ အရပ်ဝတ်နဲ့ လုံခြုံရေးယူနေတဲ့ သူအနီးကျရောက်ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ပြောပါတယ်။

“ကြံ့ဖွတ်ရုံးထဲပစ်ထည့်သွားတာဗျ။ အသံကြားလို့စုံစမ်းကြည့်တော့ ဖွတ်တကောင်ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ဒီကောင်တွေအတွက်ကတော့ မြို့ပေါ်တောင်မလုံခြုံတော့ဘူး”လို့မြို့ခံတဦးကပြောပါတယ်။

အထက်ပါစစ်ဆင်ရေးကို Kyaukse Revolution Army နှင့် Kyaukse District Defence Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *