အနာဂတ်မြန်မာ့ နိုင်ငံရေးမှာ စစ်တပ်အတွက် နေရာမရှိရ

စစ်ကောင်စီ ကြားခံ ကိုယ်စားလှယ်နဲ့ တော်လှန်ရေး အင်အားစုများ အင်ဒိုနီးရှားမှာတွေ့ဆုံ

စစ်တပ်ဟာ အရပ်သား အစိုးရ လက်အောက်ခံ ဖြစ်ရေး ကိုဦးတည် ဆွေးနွေးခဲ့တယ်လို့ NUG ဆို

++++++++++++++++

နိုဝင်ဘာ၊ ၂၅

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စစ်ကောင်စီ၏ ကြားခံ ကိုယ်စားလှယ်တွေနဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အခြေအနေတစ်ချို့ တိုးတက်မှု ရှိခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှားအစိုးရက ဦးစီး၍ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒီမိုကရေစီ လိုလားသည့် အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) တို့ ပါဝင်တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်ကမူ ကြားခံ ကိုယ်စားလှယ် တချို့ တက်ရောက်ခဲ့တာပါ။

တွေ့ဆုံဆွေးနွေးမှုဟာ အပြုသဘောဆောင် တိုးတက်မှုရှိခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ နှစ်ဖက်ဆွေးနွေး အဖြေရှာမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေဘက်ကတော့ စစ်တပ်ဟာ အရပ်သား အစိုးရ လက်အောက်ခံ ဖြစ်ရေး မူကို ကိုင်စွဲပြီး ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အနာဂတ်မြန်မာ့ နိုင်ငံရေးမှာ စစ်တပ်အတွက် နေရာမရှိဘူးလို့ လည်း ဆွေးနွေးမှု တချို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို အင်ဒိုနီးရှား အစိုးရက စီစဉ် ဆောင်ရွက်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။

Photo- စစ်တပ်က အာဏာသိမ်းအပြီး ရန်ကုန်မြို့နေ ပြည်သူများ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့စဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *