ပြေးကြဟေ့ ပြေးကြ နေရာတိုင်း‌ခြေချခွင့်မရစေရဘူး(ရုပ်သံ)

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ် စခန်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် စစ်သားများ စခန်း စွန့်ခွာထွက်ပြေး၊ တော်လှန်ရေး တပ်ဖွဲ့များက စခန်းကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ် စခန်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို Drone ဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်ဗုံးသီး ၁၀ လုံးဖြင့် ကျဲချ တိုက်ခိုက်ပြီးနောက် စစ်သားများနှင့် ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားပါကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက နယ်​မြေရှင်းလင်းရေး ပြုလုပ်ပြီးနောက် စခန်းအတွင်းရှိ ဘန်ကာများကို မီးရှိုး ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ဦးဆောင်သော ရွှေဘို မဟာမိတ်တပ်ပေါင်းစု ညီ‌နှောင်များနှင့် LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား၊ ရဲ၊ ပျူစောထီးနှင့် စစ်တပ် ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *