သတင်းကောင်းဗျို့ ရခိုင်မုန့်တီတော့အချက်မခံဘူး ရေဘဲတွေဥာဏ်ကောင်းချက်

ရခိုင်ပြည်နယ် ရှေ့တန်းသို့ ပို့ဆောင်မည်ဖြစ်၍ သန်လျင်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ထွက်ပြေးခြင်းဖြစ်

ဧရာ၀တီတိုင်းမ်

နို၀င်ဘာ ၂၆ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့ ရေတပ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၇ ဦးသည် ၎င်းတို့ကို ရခိုင်ပြည်နယ်ရှေ့တန်းသို့ ပို့ဆောင်မည်ဖြစ်သောကြောင့် လက်နက်များယူကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

သန်လျင်ရေတပ်ဌာနချုပ်(ရတခ)မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် နို၀င်ဘာ ၂၄ ရက်နေ့ နံနက် ၁ နာရီ၀န်းကျင်ခန့်က ကင်းလှည့်ထွက် လာစဉ် လက်နက်အချို့ကို ယူဆောင်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြေးတဲ့ကောင်တွေက ရခိုင်ကိုပို့ခံရမယ့်ကောင်တွေ လို့သိရတယ်။ အဲဒါကြောင့် ပြေးတာ။ အရင်ကရခိုင် မလိုက်ချင်ရင် ပိုက်ဆံပေးပြီး အစားထိုးလို့ရတယ်။ အခုက မရတော့ဘူး” ဟု ရေတပ်ဌာနချုပ်ရှိ တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ တပ်စခန်း၊ ရဲစခန်းများလက်လွှတ်ဆုံး ရှုံးခဲ့ရသလို စစ်ကောင်စီတပ်သားများလည်း အထိနာသေဆုံးမှုများရှိနေ၍ လက်နက်ချအလင်း၀င်မှုများရှိကြောင်း သိရသည်။

“ရခိုင်သွားရဖို့ ရေတပ်က တပ်သားအတော်များများ ပါတယ်။ ကျွန်တော်တို့က နယ်မြေလည်းမကျွမ်းကျင်ဘူး။ သွားသေခိုင်းသလိုပဲ။ ပေးစရာ၊ လိုက်စရာ ပိုက်ဆံလည်း ‌မရှိတော့ဘူး။ ရဲစခန်းကရဲတွေလည်း ရှေ့တစ်ခေါက်ကပါသွားတာ သေတယ် ကြားတယ်”ဟု ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပုံစာ- (၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့ အခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *