ရွှေဘိုမြို့မုန့်ဟင်းခါးပွဲ၂၀ အားရစရာပဲ

ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံး

နိုဝင်ဘာ၂၆

ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၂၅ ရက်‌နေ့ နံနက် ၆ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ စစ်ကောင်စီအထိုင်စခန်းချရာ ပျူစောထီးကျေးရွာ ၃ခုဖြစ်သော တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ရွာတို့ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပျူစောထီးကျေးရွာ စစ်စခန်းတွေကို တော့ မနက် ၆နာရီခွဲကစပြီး တစ်ပြိုင်နက်တည်းတိုက်တာ။ စခန်းသိမ်းခါနီးကျမှ လေယာဉ် ၃ စီးနဲ့လာပစ်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ ခွေးတွေဘက်ကတော့ စခရော၊ပခရော ၂၀ လောက် သေမယ်။ ကျနော်တို့ ၅ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်။ ပျူရွာတွေကို တိုက်ခိုက်ရာမှာ စစ်ကာင်စီဘက်က ပုံမှန်လေယာဉ်နဲ့ပစ်ခတ်ရုံတင်မကဘဲ အခုအခါမှာ ကင်းထောက်ဒရုန်းတွေ ကိုပါ အသုံးပြုလာတာ တွေရှိလာတယ်” ဟု မြေပြင်တိုက်ခိုက်ရေး ခေါင်းဆောင်များက ဆိုသည်။

စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၇ Zeroပြာက်ကြားတပ်ဖွဲ့၊ BNRAအဖွဲ့၏ ရတနာသိင်္ခစစ်ကြာင်း၊ ဝိမောက္ခစစ်ကြာင်း၊ မီတ္ထိလာဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းထိုး လှည့်လည်နေမှု မြင်ကွင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *