Tik Tok ဆယ်လီ ဝေယံမိုးသက်နိုင်အပါအဝင်၁၀ကျော်ဖမ်းဆီးရမိ

ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က Tik Tok ဆယ်လီအပါဝင် ၁၀ဦးကျော်ကို လက်ရဖမ်းဆီးထား

နိုဝင်ဘာ ၂၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုဝင် ၁၀ဦးကျော်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းမိထားသူတွေထဲမှာ Tik Tok ဆယ်လီ ဝေယံမိုးသက်နိုင်ပါဝင်တယ်လို့ PDF – Zoland ရဲဘော်တဦးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေအသိပေးထားပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့မနက်အစောပိုင်းက စခန်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်မျိုးစုံ ၂၄လက်နဲ့ ခဲယမ်းပစ္စည်းတွေ အများအပြားသိမ်းယူခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ၁၀ယောက်ထက်မနည်း ထွက်ပြေးသွားလို့ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းပြီး လိုက်ဖမ်းခဲ့ရာမှာ ယင်းနေ့ညမှာ ဖမ်းမိပြီး Tik Tok Cele ဝေယံမိုးသက်ပါအဖမ်းခံရသူတွေထဲပါဝင်ခဲ့တာလို့ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့သိရပြီး စခန်းသိမ်းတိုက်ပွဲမှာ PDF – Zoland ရဲဘော် တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *