ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ်ကြီးကြပ်နေတဲ့ ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ်ကြီးကြပ်နေတဲ့ ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး (ရုပ်/သံ)

C8 News

ရန်ကုန်၊နိုဝင်ဘာ(၂၇)

စစ်ကောင်စီတိုက်ခိုက်နေတဲ့ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ်ကြီးကြပ်နေတဲ့ Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ရဲ့ရုပ်သံဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံမြို့ကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားကိုသိမ်းပိုက်ရရှိထားတဲ့အတွက် စစ်ကောင်စီက တံတားပြန်လည်ရရှိဖို့ နေ့စဉ် မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။

အဲ့ဒီလိုစစ်ကောင်စီ စစ်ကြောင်းကထိုးစစ်ဆင်နေတာကြောင့် ရှေ့တန်းစစ်မြေပြင်မှာပါ တပ်ဖွဲ့ဝင်တွေကို ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ကအနီးကပ်ကြီးကြပ်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *