တစ်မြို့ဆို့အောက်သွားပြန်ပါပြီ မအိမ်ခင် သတင်းကောင်းလေးဖတ်သွားလိုက်အုန်း

တစ်မြို့ဆို့အောက်သွားပြန်ပါပြီ မအိမ်ခင် သတင်းကောင်းလေးဖတ်သွားလိုက်အုန်း

ရွှေပြည်အေးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၈ ဦး ဖမ်းဆီးရမိပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *