မြင်းမူမြို့ရှိစခတပ်စွဲထားသောနေရာအားလျှက်ဆားပုလင်းပစ်သွင်း (ရုပ်သံ)

မြင်းမူမြို့ရှိစခတပ်စွဲထားသောနေရာအားလျှက်ဆားပုလင်းပစ်သွင်း (ရုပ်သံ)

မြင်းမူကစစ်အုပ်စုတပ်စွဲထားရာနေရာကို True Fighterအဖွဲ့က လျှက်ဆားပုလင်းပစ်သွင်းတိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်က စစ်အုပ်စုတပ်စွဲထားတဲ့ ဝါစက်ကွင်းထဲကို မြို့ပြမစ်ရှင်အဖြစ်နဲ့ လျှက်ဆားပုလင်းပစ်သွင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်ကထိခိုက်မှုတွေရှိခု့တယ်လို့ True Fighter မြင်းမူတာဝန်ခံ ဗိုလ်စွန်ရဲက ပြောပါတယ်။

ယနေ့ညနေ ၄နာရီခွဲမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဝါစက်ဝင်းထဲက စစ်အုပ်စုကို လျှက်ဆားပုလင်းပစ်သွင်းတိုက်ခိုက်ခဲ့ရာမှာ စစ်သားတွေနား တည့်တည့်ကျရောက်ပေါက်ကွဲခဲ့လို့ ၃ယောက်အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဗိုလ်စွန်ရဲကပြောပါတယ်။

“ဝါစက်ဝင်းထဲကင်းချပြီး တပ်စွဲထားတဲ့ စခတွေကို မြို့ပြ UG မစ်ရှင်အဖြစ်နဲ့ လျှက်ဆားပုလင်းပစ်တိုက်ခဲ့တာ။ ၃ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်ဗျ။ ခွေးတွေဘက်က မောင်းပြန်နဲ့ ၂ချက်ပြန်ပစ်ခဲ့ပေမယ့် ရဲဘော်တွေဘေးကင်းစွာ ဆုတ်နိုင်ခဲ့ပါတယ်ဗျ”လို့ဗိုလ်စွန်ရဲကပြောပါတယ်။

အထက်ပါတိုက်ခိုက်အှုကိုတော့ Zero ပြောက်ကျားမြင်းခြံနဲ့ True Fighter တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး True Fighter မြင်းမူတပ်ဖွဲ့ဟာ မကြာခဏဆိုသလို မြင်းမူမြို့ပေါ်က စစ်အုပ်စုတပ်စွဲထားရာနေရာတွေကို လျှက်ဆားပုလင်းပစ်သွင်းတိုက်ခိုက်တာတွေပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *