ဆားလင်းကြီးအပီအပြင်ဆော်နေပြီ(ရုပ်သံ)

ဆားလင်းကြီးအပီအပြင်ဆော်နေပြီ(ရုပ်သံ)

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားတယ်လို့ Monywa Underground Force(M.U.G.F) အဖွဲ့ဆီက သိရပါတယ်။

မြိုနယ်ဆေးရုံမှာ တပ်စွဲပြီးဂိတ်စောင့်နေတဲ့ စစ်သားတွေကို နိုဝင်ဘာ ၂၆ ရက်ညနေ ၃ နာရီကျော်က လက်နက်ငယ်တွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ Monywa Underground Force – MUGF ရဲ့ ခေါင်းဆောင် ဗိုလ်ဘဒင် ဆိုပါတယ်။

တိုက်ခိုက်ချိန်အတွင်း စစ်သားတွေဘက်ကလည်း လက်နက်ငယ်တွေ၊ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှု Salingyi သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ Burma National Revolutionary Army(B.N.R.A)၊ Salingyi Revolution Army(S.R.A)၊ Monywa Underground Force(M.U.G.F)တို ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း Monywa Underground Force(M.U.G.F)နဲ့ ပူးပေါင်းအဖွဲတွေဟာ ချင်းတွင်းမြစ်ကို ဆန်တက်လာတဲ့ စစ်သေင်္ဘာတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *