ဦးရဲထွဋ်တော့ငပိကျော်၁၀နှစ်စားရပြီ

ဦးရဲထွဋ်တော့ငပိကျော်၁၀နှစ်စားရပြီ

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ စစ်တပ်နှင့်စစ်ကောင်စီကို ဟန့်တားနှောင့် ယှက်မှုတို့ဖြင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက ထောင် ဒဏ် ၁၀ နှစ်ချမှတ်

နိုဝင်ဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ စစ်တပ်နှင့်စစ်ကောင်စီကို ဟန့်တားနှောင့်ယှက်မှုတို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး(ဟောင်း) ဦးရဲထွဋ်ကို ပုဒ်မ ၁၂၄(ဃ) အရ ထောင်ဒဏ် ၇ နှစ် နှင့် ပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။

ပုဒ်မ ၁၂၄- ဃသည် တပ်မတော်သားများသို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောက်ယှက်ခြင်းဖြစ်ပြီး ပုဒ်မ ၁၂၄-ဃ တွင် မည်သူမဆိုတပ်မတော်သားများ၊ သို့တည်းမဟုတ် အစိုးရအရာထမ်းအမှုထမ်း များအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကျေပြွန်စွာမထမ်းဆောင်စေရန် တစ်နည်းနည်းဖြင့် ဟန့်တားခြင်း သို့တည်းမဟုတ် နှောက်ယှက်ခြင်းကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၅၀၅ (က) သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

အောက်တိုဘာလ ၂၈ရက် နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အလုံရဲစခန်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ လူမှုကွန်ရက် ရေးသားချက်များသည် ပြည်သူလူထုထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေခြင်း၊ အစိုးရ ဝန်ထမ်းများပြစ်မှုကျူးလွန်လာစေရန်ရည်ရွယ်လှုံ့ဆော်စေသည်ဟုဆိုကာ အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည် စစ်အာ ဏာ သိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် ရပ်တည်သော ရေးသားမှုများကို လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *