မုံရွာမှာ စခအုပ်စုယာဉ်တန်း ၂အုန်းခံရလို့အထိနာ (ရုပ်သံ)

မုံရွာမှာ စစ်အုပ်စုယာဉ်တန်း ၂ကြိမ်မိုင်းဆွဲခံရလို့အထိနာ (ရုပ်သံ)

နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်အုပ်စု ဂျန်မာ ကားကို ပဒေသာမိုင်းနဲ့ ၂ကြိမ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ကားတစီးပျက်စီးသွားသလို ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ဆို Brave Heart Army-BHA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့ မနက်၂နာရီမှာ စစ်အုပ်စု ဂျန်မာကားကို မုံရွာ-ချောင်းဦးလမ်းပိုင်တနေရာအရောက်မှာ ပဒေသာမိုင်း ၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သလို မနက်၆နာရီ ၂၃မိနစ်အချိန်မှာလည်း ဂျန်မာကားတစီးကို လမ်းပိုင်ပေါ်မှာ ပဒေသာမိုင်း၅လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

“စကစJammerကားပျက်စီးသွားတယ်လို့ ပြည်သူများမှ သတင်းပေးပို့လာပြီး ခွေအသေအထိအခိုက်ရှိတယ်လို့ ပြောကြားလာပါတယ်ဗျ”လို့BHAတပ်ဖွဲ့ဘက်က ပြောဆိုထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ Brave Heart Army-BHA အဖွဲ့သားများမှ ဉီးဆောင်၍ CHINDWIN FIGHTER GROUP- CFG အဖွဲ့သားများနှင့် လက်တွဲညီညီ တိုက်ခိုက်နိုင်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *