အုန်းခံရတဲ့ပျူကိုလာကောက်သော စခကား၂စီးထပ်အုန်ခံရ(ရုပ်သံ)

စစ်ကိုင်းတွင် သေဆုံးသွားသည့်ပျူစောထီးအား လာသယ်သည့်အာဏာသိမ်းစစ်တပ် မိုင်းဆွဲမှု ဖြစ်ပွားပြီး စစ်သားတစ်ဦး ထပ်မံသေဆုံး (ရုပ်သံ)

နိုဝင်ဘာလ ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မိုင်းဆွဲခံရပြီး သေဆုံးသွားသည့်အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးတစ်ဦးအား လာရောက်သယ်ဆောင်သည့် အာဏာသိမ်းစစ်တပ်က မိုင်းဆွဲခံရပြီး စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယမန့်နေ့ညပိုင်းတွင် Phonexis SSG တာဝန်ရှိသူတစ်ဦးက ပြောဆိုပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အာဏာသိမ်းစစ်တပ် လက်အောက်ခံပျူစောထီးက မာလဲတောရွာကို ပြန်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မိုင်းဆွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Phoenix SGG ပြောခွင့်ရက ” သူက စစ်တပ်နဲ့အတူ စစ်ကိုင်းမြို့အဝင် ကံတလူတိုးဂိတ်နဲ့ စစ်ကိုင်းတံတားမှာပြည်သူတွေဆီကနေ ပိုက်ဆံ တောင်းတာပါဗျ” လို့ ပြောဆိုပါသည်။

ယမန့်နေ့မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ၎င်းရုပ်အလောင်းအား လာရောက်သယ်ဆောင်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတစ်‌ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Phoenix SGG ပြောခွင့်ရက ” သူ့အလောင်းကို အုန်းတောရွာဘေးမှာရှိတဲ့ အမှတ်(၆၀၀၅)တင့်ကားတပ်ထဲကနေ ကားနှစ်စီးနဲ့ အလောင်း လာကောက်တာ။ စစ်သားတစ်‌ယောက်က မိုင်းထိတော့ ကျန်စစ်သားတစ်ဦးက အရေးပေါ် ထမ်းပြေးသွားရတယ်၊ နောက်ပြီး သူတို့ လာကောက်တဲ့ ပျူစောထီးကိုလည်း မကောက်ရသေးဘဲ သူတို့တပ်ထဲ တပ်ပျက်ပြီး ထွက်ပြေးသွားကြတာ။” လို့ ပြောဆိုခဲ့သည်။

အဆိုပါစစ်ဆင်ရေးကို Phoenix SGGမှ ဦးဆောင်ပြီး Unicorn Guerrilla Force၊ အညာသားလေး(SGG)၊ Royal Falcon Guerrilla Force၊ စစ်ကိုင်းမြို့နယ် ပ .က.ဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် နယ်မြေခံ တော်လှန်ရေး အင်အားစုများ စုပေါငိးပြီး လုပ်ဆောင်ခဲ့တာ ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *