ရန်ကုန်ကတော့ တစ်ဆင့်ပြီးတစ်ဆင့်တတ်လာပြီ

ခရမ်းရဲစခန်း၊ သုံးခွရဲစခန်း၊ ဆည်မြောင်းဂိတ်နဲ့ ရေကျော်ကျောင်း တချိန်ထဲ ဗုံးပစ်တိုက်ခိုက်ခံရ

C8 News

ရန်ကုန်၊နိုဝင်ဘာ(၃၀)

ခရမ်းမြို့နယ်ရဲစခန်း၊ သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းစစ်ဆေးရေးဂိတ်နဲ့ ရေကျော်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အားပြင်းအားမြင့်ဗုံးတွေနဲ့ တစ်နေ့ထဲ တစ်ချိန်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ခရမ်းမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ၃၀ ရက် မနက် ၄ နာရီ ၃၀ မိနစ်လောက်က ခရမ်းရဲစခန်းကို ပြင်းအားမြင့်ဗုံးသီးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့သလို ရေကျော်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြင်းအားမြင့်ဗုံးသီးနဲ့ ထပ်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဆည်မြောင်း(ကျုံမရေ)စစ်ဆေးရေးဂိတ်ကိုလည်း ၄၀ မမ ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မနက် ၄ နာရီ ၄၅ မိနစ်လောက်ကလည်း သုံးခွမြို့နယ်ရဲစခန်းကို သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ၄၀ မမ ဗုံးသီးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြတယ်လို့ ခရမ်း-PDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများရှိပေမယ့် ဘယ်လောက်ထိခိုက်ခဲ့သလဲဆိုတာကိုတော့ အတည်မပြုနိုင်တာ မရှိသေးပေမယ့် တော်လှန်ရေး ရဲဘော်တွေအားလုံး အထိအခိုက်မရှိ အောင်အောင်မြင်မြင် ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *