ပေါက်ခေါင်းတွင်စခ၈ကောင်မြေဩဇာဖြစ်

ပေါက်ခေါင်း အနီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၈ဦးသေ၊ ၃ဦး အပြင်းအထန် ဒဏ်ရာရရှိ

နိုဝင်ဘာ၊ ၃၀

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းဦးကျေးရွာ အနီးမှာ နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲတယ်လို့ (၃၆၀၁ PPDF) တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက အတည်ပြုပြောဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ဦးသေဆုံးခဲ့ပြီး ၃ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇နာရီခွဲ ဝန်းကျင်ခန့်တွင် စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂) ဇော်ဂျီစစ်ကြောင်း၊ တပ်ခွဲ (၁) တို့ သရက်တပင်ကျေးရွာနှင့် ကပစ (၁၉) အနီးရှိ ခုတ်ချောင်း ကျေးရွာကြားမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၈ရက်၊ နံနက် ၇နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ တွေက ထပ်မံပြီး စစ်ကြောင်း ထိုးလာတာကို သတင်းဦး ရရှိထားတာကြောင့် ချောင်းဦးရွာအနီးမှာ တော်လှန်ရေး အင်အားစုတွေက ၁၁၂၇ မစ်ရှင် အဖြစ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ဦးသေဆုံးခဲ့ပြီး ၃ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့တာပါ။

“၈ဦးသေတာကတော့ မျက်မြင်ပါပဲ၊ ၃ဦးထိခိုက်ဒဏ်ရာရသွားပြီး ခုတ်ချောင်းကျေးရွာဘက်ကို ပြန်သယ်သွားတာကိုတော့ ဒေသခံပြည်သူတွေက တဆင့် ပြန်သိရတာပါ” ဟု (၃၆၀၁ PPDF) တပ်ရင်း၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေး အင်အားစုတွေကတော့ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က တိုက်ပွဲကို ပြည်ခရိုင်တပ်ရင်း(၃၆၀၂)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)ကွန်မန်ဒို စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲမှာ နာရီဝက် ကျော်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *