မနက်စောစောစီးစီးလက်ဖက်ရည်ဖိုးမရှင်းပဲသွားလိုက်ပြန်ပြီ

ငါန်းဇွန်မြို့နယ်တွင် လက်လုပ်သေနတ်နှင့် လက်ပစ်ဗုံး ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် လက်လုပ်သေနတ်နှင့် လက်ပစ်ဗုံး ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နောင်ရိုးအထူး ပြောက်ကျားတပ် -NYSGF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မိုးတောင် ၆ ရွာအုပ်ချုပ်ရေးမှူး သက်ခိုင်သည် လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးထံမှ ပွိုင့် ၂၂ လက်လုပ် သေနတ် ၁ လက်၊ သံပုရာသီး ၂ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေကျပ် ၁ သိန်းကျော်တို့ကို သိမ်းဆည်းရမိခဲ့ပြီး လက်ကိုင်ဖုန်းအတွင်းမှ အရေးကြီး Data များကိုလည်းရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့်အတူ Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *