ရန်ကုန်ဟာ ငြိမ်​နေမှာမဟုတ်ဘူး

မြောက်ဥက္ကလာပ အထက ၃ ကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသော စစ်တပ်ကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အထက ၃ ကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသော စစ်တပ်ကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်(ပကဖ) ၏ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် စာသင်ကျောင်းများတွင် ညပိုင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်များ တပ်စွဲနေရာတစ်ခုဖြစ်သော အ.ထ.က ၃ စာသင်ကျောင်းကို မြောက်ဥက္ကလာပ မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တပ်ခွဲ၂က အားပြင်းသောမိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက် မသိရှိရသေးဘဲ တော်လှန်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“ရန်ကုန်မြို့ပြမှာ ရန်သူစကစ​တွေ ကျီးလန့်စာစားဖြစ်​နေ​စေရမယ်။ ဘယ်က ဘယ်အချိန် ဘယ်လို ထွက်လာမလဲမသိတဲ့ ကျည်ဆံ​တွေ​ရန်ကို ​နောက်​ကျောချမ်းချမ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ရန်ကုန်ဟာ ငြိမ်​နေမှာမဟုတ်ဘူး။ မြို့ပြစစ်ဆင်​ရေးအတွက် ရန်ကုန်ပကဖ ​တွေ၊ UG ​တွေ အရှိန်တင်လုပ်​တော့မယ်။ ပိတ်ဆို့တားမြစ်စစ်​ဆေးမှု​တွေကို သိပ်မမှု​တော့ဘူး။ အရှိန်တင်​တော်လှန်​တော့မယ်” ဟု ရန်ကုန်တိုင်းပကဖ ​ပြော​ရေးဆိုခွင့်ရှိသူ တိုင်းဒုတာဝန်ခံ (စစ်​ရေး) ကိုမင်းရန်နိုင်က​ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်ပြီး နေ့ညမပြတ် ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနိုဝင်ဘာလအတွင်း ရန်ကုန်တွင် သံချပ်ကာကားများဖြင့် လှည့်လည်နေသော အကြမ်းဖက်စစ်တပ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *