ဆိုင်ထဲကိုဝင်ဆော်သွားတာနော်

သင်္ဃန်းကျွန်းရှိ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ပစ်ခတ်ခံရပြီး သေဆုံး

——-

BVJ/မိုနာ_ဒီဇင်ဘာ ၁၊ ၂၀၂၃

အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ရဲ့ ဥက္ကဌဦးသန်းထွန်းဟာ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ၃လမ်းမှာ ဒီနေ့ ဒီဇင်ဘာ၁ရက်က သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

ဒီနေ့မနက် ၈း၄၅မိနစ်အချိန်က ဦးသန်းထွန်းဖွင့်ထားတဲ့မိတ္တူဆိုင်ကို မိတ္တူဆွဲမယ်ဆိုပြီး PDFနှစ်ဦးက ဟန်ဆောင်လာရောက်ကာ သေနတ်နဲ့သုံးချက်ပစ်ခတ်သွားတာကြောင့် ရင်အုံနဲ့လက်ဖျံတို့ကိုထိမှန်ခဲ့တယ်လို့ စစ်အုပ်စုချန်နယ်တွေမှာဖော်ပြထားပါတယ်။

အဲ့ဒီဒဏ်ရာတွေနဲ့ ဦးသန်းထွန်းကို ဆေးရုံပို့ဆောင်ချိန် ၈း၅၀မှာသေဆုံးသွားတယ်ဆိုပြီး ဖော်ပြထားကြတာဖြစ်ပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်သူတွေပစ်ခတ်သွားလဲဆိုတာကို BurmaVJအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် ဦးသန်းထွန်းပစ်ခတ်ခံရပြီးသေဆုံးတာမှန်ကန်ကြောင်းနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ အဲ့ဒီနေရာကို ရဲနဲ့စစ်သားတွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသူ ဦးသိန်းညွန့်တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ဦးသိန်းညွန့်ဟာလက်ရှိမှာ စစ်ကောင်စီရဲ့ဗဟိုအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ဓါတ်ပုံ-အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသန်းထွန်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *