ကြယ်လေးတွေကြွေပြန်ပြီကွယ် ကောင်းရာမွန်ရာရောက်ပါစေ

ရေဇွာမြို့သိမ်း တိုက်ပွဲမှာ CNA တပ်ကြပ်ကြီး ၁ ဦး ကျဆုံး

ဒီဇင်ဘာလ ၁ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့သိမ်း တိုက်ပွဲမှာ ချင်းအမျိုးသား တပ်မတော်(CNA)တပ်ကြပ်ကြီး ၁ ဦး ကျဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကျဆုံးသွားတဲ့ CNA တပ်ကြပ်ကြီးဟာ အသက် ၂၂ အရွယ် အိုက်အောင်လင်းထွန်းဖြစ်ပြီး ပလက်ဝမြို့နယ်က ခူမီး(ချင်း) ဖြစ်တယ်လို့ သိရှိရပါတယ်။

ရေဇွာမြို့သိမ်း တိုက်ပွဲကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၂၆ ရက်နေ့က စတင်ဆင်နွှဲခဲ့ပြီး ၄ ရက်ကြာမှာ နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြို့အား အပြီးသတ် သိမ်းပိုက်ရရှိထားပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီဘက်က ၁၂ အလင်းဝင်လာပြီး၊ ကလေးငယ်၊ အမျိုးသမီးအပါဝင် ၃၉ အား အရှင်ဖမ်းဆီးရမိကာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CNA ရဲဘော် ၁ ဦး၊ CDF (မရာ) ရဲဘော် ၁ ဦး၊ CDF(လောက်တူ)ရဲဘော် ၁ ဦးနဲ့ CDF (ဇိုတုန်)ရဲဘော် ၁ ဦး စုစုပေါင်း ၄ ဦး ကျဆုံးခဲ့ဟု သိရှိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *