ယခုတစ်ခါအလှည့်ကျလာတာကတော့ အီးပီစီပဲဖြစ်ပါတယ်

မြင်းခြံမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်ခတ်ခံရ၍ သေဆုံး

ဒီဇင်ဘာလ ၁ ရက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာနဲ့ကျောက်ကုန်းကျေးရွာကြားမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် နေ့လယ် ၁ နာရီကျော်ခန့်မှာ ရွာရှည်ကျေးရွာ မီးလင်းရေးကော်မတီအဖွဲ့ဝင် ကျော်အောင် ၅၉ နှစ်ဟာ ကျောက်ကုန်းကျေးရွာဘက်ကနေ ရွာရှည်ကျေးရွာကို တဦးတည်း ဆိုင်ကယ်နဲ့ပြန်လာချိန် သေနတ်သမား ၂ ဦးက အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

“သူ့ကို သေနတ်သမားတွေက စောင့်ကြည့်နေတာဖြစ်မယ်။ လေးငါးချက်လောက်ပစ်သွားလို့ နေရာမှာပဲ သေသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကျော်အောင်ဟာ ကျေးရွာထဲမှာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီကဖွဲ့တဲ့ ကျေးရွာရပ်မိရပ်ဖထဲလည်းပါသလို မီးလင်းရေးကော်မတီဝင်လည်းဖြစ်ပြီး မီတာခတွေလည်းလိုက်ကောက်သလို စကစသတင်းပေးဆိုပြီးကျေးရွာထဲ သတင်းထွက်နေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အနီးကပ်သေနတ်နဲ့ပစ်ခံရလို့ ကျော်အောင်မှာ ဦးခေါင်း၊ နားရွက်၊ နောက်ကျော ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။

သေနတ်သမားတွေက ကျော်အောင်ကိုပစ်ခတ်ပြီး သူစီးလာတဲ့ ဆိုင်ကယ်ကိုပါဆောင်သွားတယ်လို့ သိရပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘဲ သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ထံက သိရပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းဘေး ဇရပ်အနီးမှာ မြင်းခြံမြို့နယ်၊ ပျားကျေးရွာက ရပ်ကျေးစာရေး သန်းကြိုင်ဆိုသူဟာ ဖမ်းဆီးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *